Sunday, September 20, 2026

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို...

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း)...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့်...

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...
HomeNewsLocal Newsမြန်မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရရှိဖို့ ဗီယက်နမ်မျှော်လင့်

မြန်မာနိုင်ငံ၌တည်ငြိမ်အေးချမ်းရေးအမြန်ဆုံးရရှိဖို့ ဗီယက်နမ်မျှော်လင့်

ဒါဗို၊ဇန်နဝါရီ ၂၂

ဗီယက်နမ်ဝန်ကြီးချုပ်ဖန်မင်ချင်က ဗီယက်နမ်အနေဖြင့် မြန်မာ့အခြေအနေကိုအနီးကပ်စောင့်ကြည့်လျက်ရှိပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက် အထူးသဖြင့် မြန်မာနိုင်ငံ အတွက်ရည်ရွယ်ပြီး မြန်မာနိုင်ငံ၌ တည်ငြိမ်အေးချမ်းမှုအမြန်ဆုံးရစေရန်မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၊ဒါဗိုတွင်ကျင်းပနေသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်အစည်းအဝေးအပြီး၌ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီဘီး‌ရှော့ပ်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ်က ဗီယက်နမ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေး၊အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲမှုကိုလေးစားကြောင်းထပ်‌ေလာင်းအတည်ပြုပြောကြားခဲ့သည်။

ဗီယက်နမ်အနေဖြင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကိုသာထိခိုက်စေသည့် ကုန်သွယ်ရေးပိတ်ပင်မှုကိုမလိုလားသကဲ့သို့ မြန်မာ့အရေးသည် မြန်မာပြည်သူများကိုယ်တိုင်က သဘောတူညီချက်၊ မျှတသော အပေးအယူနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ အားလုံးပါဝင်ညှိနှိုင်းခြင်းဖြင့်သာဖြေရှင်းရမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဗီယက်နမ်အပါအဝင် အာဆီယံအသိုက်အဝန်း၏ မြန်မာ့အရေးကြိုးပမ်းမှုများနှင့်ပတ်သက်၍လည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

ယင်းနောက် ဘီးရှော့ပ်က ဝန်ကြီးချုပ်ချင်၏ အဆိုပြုချက်များကို သဘောတူညီပြီး မြန်မာနိုင်ငံရှိအဖွဲ့အစည်းအားလုံး ကို ထိန်းထိန်းသိမ်းသိမ်းနှင့်အကြမ်းဖက်မှုများရပ်တန့်ရေး၊အရပ်သားများလုံခြုံရေးနှင့်မြန်မာ့အရေး အတွက် ငြိမ်းချမ်းသည့်အဖြေရှာရန် တွေ့ဆုံဆွေးနွေးမှုများပြန်လည်စတင်ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

Source : ဗီယက်နမ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပန်တိုဂျာကို မကျေပွဲတွင် ထပ်မံအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည့် ဂျိုရှုအာဗန်

အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ စက်တင်ဘာ ၁၉ ရက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်း) က ကျင်းပခဲ့သည့် UFC 331 ပြိုင်ပွဲ၏ အဓိကခေါင်းဆောင်ပွဲစဉ် (Main Event) တွင် မြန်မာပြည်ဖွား UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဂျိုရှုအာဗန် (Joshua Van) သည် စိန်ခေါ်သူ အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) ကို မကျေပွဲ၌ အမှတ်ဖြင့် ထပ်မံအနိုင်ယူကာ...

မြန်မာ့ပြောင်း တန်ချိန် ၁ သန်းခန့် ထိုင်းနိုင်ငံသို့ တင်ပို့နိုင်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၂၀ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းတန်ချိန် ၁ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယင်းကာလအတွင်း ရန်ကုန်၊ ကော့သောင်း-ရနောင်းနှင့် မြဝတီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှ ပြောင်းများကို ထိုင်းနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သို့ အဓိကတင်ပို့လျက်ရှိရာ ထိုင်းနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်ကာလ ပြီးဆုံးသွားပြီဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံသို့ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လက်ရှိတွင် ပြည်တွင်းတိရစ္ဆာန်အစာထုတ်လုပ်သည့် စက်ရုံများ၏ ပြောင်းဝယ်ယူမှု...

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071