Friday, September 18, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeNewsLocal Newsမြန်မာနိုင်ငံအနေဖြင့် Online လိ-မ်လည်မှုနှင့်...

မြန်မာနိုင်ငံအနေဖြင့် Online လိ-မ်လည်မှုနှင့် လော-င်းကစားမှုတိုက်ဖျက်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ပြတ်ပြတ်သားသားဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိ

မြန်မာနိုင်ငံအနေဖြင့် Online လိ-မ်လည်မှုနှင့် လောင်း-ကစားမှုတိုက်ဖျက်ရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ပြတ်ပြတ်သားသားဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Maris Sangiampongsa အား ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌လက်ခံ‌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

နစက ဥက္ကဋ္ဌမှ Online လိ-မ်လည်မှုနှင့် Online လော-င်းကစားမှုများလုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများအား ပြတ်ပြတ်သားသားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ထို့အတူ မြန်မာနိုင်ငံအနေဖြင့် Online လိ-မ်လည်မှုနှင့် Online လော-င်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်၍ တရားမျှတသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှုတို့ကိုလည်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှုများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်ရေး၊ သတင်းအချက်အလက်များဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင် ရွက်ရေး၊ နှစ်နိုင်ငံကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို အဆင့်မြှင့်တင်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က NSPNC နှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေးမည့်အခြေအနေများ၊ ဆွေးနွေးညှိနှိုင်းမည့် အကြောင်းအရာများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအားဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ ရွေးချယ်ရေးသဘာပတိအဖွဲ့ဖွဲ့စည်းပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆)ဦးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များက မဲပေးရွေးချယ်ကြကာ အမြဲတမ်းအလုပ်အဖွဲ့ကိုယ်စားလှယ်(၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုအတည်ပြုခဲ့ကြောင်း သိရသည်။ ထို့ပြင်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် အရည်အသွေးကောင်း ဝါမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ကြားပို့ချဆွေးနွေး​ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ ဝါသီးနှံမျိုးသန့်စံပြစိုက်အကျိုးဆောင်တောင်သူများအား ကွန်ပေါင်းမြေဩဇာ GBS 15:15:15+TE (၁၁၇)အိတ်ကိုချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးက မှာကြားခဲ့ကြောင်း သိရသည်။ ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြုသွားလာသည့် ဒေသခံပြည်သူများနှင့် ခရီးသွားများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဝန်ကြီး ဦးဇေယျာဦးက စက်တင်ဘာ ၁၇ ရက်တွင် ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ၏ အခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထိုသို့စစ်ဆေးရာတွင် ရထားလမ်းကူးများ၌ မောင်းတံဂိတ်များ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071