မြန်မာ-ထိုင်းနှစ်နိုင်ငံ အာကာသနည်းပညာဆိုင်ရာဖွံ့ ဖြိုးတိုးတက်ရေးနားလည်မှုစာချွန်လွှာအပါအဝင် နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များကိုလက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၊ Pakdi Bodin Building ၌ ယနေ့ သြဂုတ် ၆ ရက်နံနက်ပိုင်းက မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် တို့ ဦးဆောင်ပြုလုပ်သည့် မြန်မာ-ထိုင်းနှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ၊ လုပ်သားများခန့်ထားရေးဆိုင်ရာ သဘောတူညီချက်၊ အာကာသနည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး နားလည်မှုစာချွန်လွှာ၊ နယ်နိမိတ်နှင့် နယ်စပ်ဖြတ်ကျော်မြစ်များ၏ ရေအရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်များ သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ(၄)ခုတို့ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာနှင့် သဘောတူစာချုပ်များကို နှစ်နိုင်ငံခေါင်းဆောင်များရှေ့တွင် သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်နိုင်ငံတာဝန်ရှိသူများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြကြောင်း သိရသည်။
