Sunday, September 20, 2026

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး...

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ...

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့်...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့်...

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ...

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့်...

နီပေါသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများ လူကြုံပစ္စည်း...

ရန်ကုန်၊ စက်တင်ဘာ ၂၀ နီပေါနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် လူကြုံပစ္စည်းများ သယ်ယူရာတွင် အထူးသတိပြုကြရန် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၁၈ ရက်တွင်...
HomeNewsLocal Newsမြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ်...

မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံက တရုတ်နိုင်ငံ၏ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယမန်နေ့ ဇန်နဝါရီ ၂၅ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁)သုဝဏ္ဏ၌ကျင်းပသည့် (၂၀၂၅)ခုနှစ်၊ မြွေနှစ် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် မိမိနိုင်ငံတစ်ခုတည်းဖွံ့ဖြိုးတိုးတက်ရေးထက် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ၊ အခြားသောကမ္ဘာ့နိုင်ငံများကိုပါ တစ်ပါတည်းဖွံ့ဖြိုးတိုးတက်စေရန် BRI စီမံကိန်းများကို အကောင်အထည်ဖော်နေသည်ဟု ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ မြန်မာ-တ ရုတ်စီးပွားရေးစင်္ကြံစီမံကိန်းများကို အကောင်အထည်ဖော်လျက်ရှိခြင်းကြောင့် တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်အကျိုးရှိစေရေးပူးပေါင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံမှ အလေးထားလျက်ရှိသည်ဟု ပြောသည်။

” မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့စီမံကိန်းတွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်မယ့် အခင်းအကျင်းကိုဖော်ဆောင်ပြီး မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ ယုံ ကြည်စိတ်ချရတဲ့ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမှာပါ”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ဆောင်ရွက်ချက်များအ ပေါ် တရုတ်နိုင်ငံတာဝန်ရှိသူများ၏ အတည်ပြုဆွေးနွေးချက်များနှင့် ကူညီထောက်ပံ့မှုများ သည် တရုတ်နိုင်ငံက မြန်မာနိုင်ငံအတွက် ထာဝ ရမိတ်ဆွေအဖြစ်တည်ရှိနေမှုကိုဖော်ပြနေခြင်းဖြစ်ကာ မြန်မာနိုင်ငံ၏ စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အောင်မြင်သည့်အရွေ့များ ဖြစ်ပေါ်လာမှုသည်လည်း မိမိတို့၏ခိုင်မာသည့်အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ အား ပေးကူညီမှုများကြောင့်ဖြစ်သည်ဟု ပြောသည်။

ထိုသို့ မြန်မာ-တရုတ်နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကိုမလိုလားသော ပြည်တွင်းပြည်ပအဖွဲ့များက နည်းလမ်းမျိုးစုံအသုံးပြုပြီး သွေးခွဲနေကြသည်ကို နှစ်နိုင်ငံတာဝန်ရှိသူများနှင့် နိုင်ငံသူ၊နိုင်ငံသားများအားလုံးက အထူး ဂရုစိုက်ရန်လိုသည်ဟု ပြောသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအနေဖြင့် ရှေးနှစ်ပေါင်းများစွာကပင်ဖြစ်တည်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ရေကိုသားလို့အကြားမထင်သကဲ့သို့ ဘယ်လိုနည်းလမ်းနှင့်လုပ်ရပ်မျိုးကမှ ပျက်ပြားအောင်လုပ်၍မရဘူးဆိုသည်ကို သက်သေပြနိုင်ရန်လိုသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ ကျောက်တုံးကြီးလိမ့်ကျကာ လမ်းပိတ်ဆို့ခဲ့ လမ်းကိုယာယီပိတ်ထားပြီး ဖယ်ရှားရှင်းလင်းမှုများပြုလုပ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ်သို့ စက်တင်ဘာ ၁၉ ရက်ည ၁၀ နာရီခွဲကျော်ခန့်က ကျောက်တုံးကြီးလိမ့်ကျလာကာလမ်းပိတ်ဆိုခဲ့ကြောင်း သိရသည်။ တောင်ကြီးမြို့ရှိ တောင်ကြီး-ဟိုပုံးသွားကားလမ်းပေါ် ရှမ်းပြည်နယ်သတ္တုတွင်းဦးစီးဌာနရုံး၏ အနောက်ဘက်တောင်ပေါ်မှ အလျား(၄၁)ပေ၊ အနံ(၂၀)ပေ၊ အမြင့် (၁၂)ပေအရွယ်အစားရှိ​သော ကျောက်တုံးကြီးသည် မြေသားများအိကျ၍ လိမ့်ကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် လမ်းအားယာယီပိတ်၍ သက်ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်း ဝင်များက ဖယ်ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကာ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရသူများရှိ/မရှိကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်ရှိ (၁,၄၅၀)ဗျူဟာကုန်း၌ ဥာဏ်တော် (၁၀၈)ပေအမြင့် ရွှေတိဂုံပုံတူစေတီတော်တည်ထားနေ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျော်ခို့မြိုင်ကျေးရွာရှိ (၁,၄၅၀)ဗျူဟာကုန်းတွင် ဥာဏ်တော်(၁၀၈)ပေအမြင့်ရှိသော ရွှေတိဂုံပုံတူစေတီတော်အားတည်ထားလျက်ရှိကြောင်း သိရသည်။ ထို့ပြင် စေတီတော်ပရဝုဏ်တော်အတွင်း၌ ဗျူဟာကုန်းဓမ္မာရုံနှင့် သာသနိကအဆောက်အဦများကိုလည်းတည် ဆောက်လျက်ရှိကာ ယင်း စေတီတော်နှင့် သာသနိကအဆောက်အဦများအား ယခင် နယ်ခြားစောင့်တပ်အ ထွေထွေအတွင်းရေးမှူး(ဟောင်း)ဦးစောချစ်သူ ကမတည်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ဗျူဟာကုန်း၌ ရွှေတိဂုံပုံတူစေတီတော်အပြင် သစ်တံခါးဆရာတော်ကြီး၏ နည်းနာနိဿယဖြစ်သော ညောင်ဆယ်ပင်အဓိဌာန်စခန်းနှင့် သာသနိကအ ဆောက်အအုံများကိုလည်းတည်ဆောက်လျက်ရှိကြောင်း သိရသည်။ Photo- ကိုနေနော်(မြဝတီ)

ဘရိုက်တန်ကို သုံးဂိုးပြတ်ရှုံးပြီး အာဆင်နယ် ရာသီအစ ပထမဆုံးရှုံးပွဲကြုံ

အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ် (၅) အဖြစ် စက်တင်ဘာ ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာ အာဆင်နယ်အသင်းသည် ဘရိုက်တန်အသင်း၏ အိမ်ကွင်း၌ ၃ ဂိုး-ဂိုးမရှိဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ပထမဆုံးရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။ ပွဲစကတည်းက အိမ်ရှင်ဘရိုက်တန်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၁ မိနစ်တွင် ဝါရင့်ကွင်းလယ်ကစားသမား ပါစကယ် ဂရော့စ် (Pascal Groß) က အဖွင့်ဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ပထမပိုင်းပြီးဆုံးခါနီး ပွဲချိန် ၄၅ မိနစ်တွင် တိုက်စစ်မှူး ချာလာလမ်ပို့စ် ကိုစတူလက်စ် (Charalampos...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071