Wednesday, June 24, 2026

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့်...

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊...

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့်...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ...

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃...

ရေနံဈေးတွေ ကျမလာတဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ ထရမ့်အမိန့်ပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။ "ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ...
HomeNewsLocal Newsမြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး...

မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် တရုတ်နိုင်ငံမှကူညီပေးနေမှုကိုဆွေးနွေး

မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ ဒု-သမ္မတ H.E. Mr. Han Zhang တို့ ယနေ့ စက်တင် ဘာ ၂ ရက်မွန်းတည့် ၁၂ နာရီက ပေကျင်းမြို့ရှိ ကျောက်ယွိထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံစဥ် SCO အဖွဲ့အစည်းသည် အရှေ့တောင်အာရှနိုင်ငံများအတွက်အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်မှု၊ မြန်မာနိုင်ငံအနေဖြင့် SCO အဖွဲ့တွင် ပါဝင်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ -တရုတ်နှစ်နိုင်ငံကြား အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ အေးအတူပူအမျှအတူတကွ ပူး ပေါင်းဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံအပြန် အလှန်အထောက်အကူပြုလျက်ရှိမှု၊ နှစ်နိုင်ငံချစ် ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက် လက်တိုးမြှင့်ဆောင်ရွက်ရေး၊ နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံကြားစီးပွားရေးတိုးတက်စေရန် ပူးပေါင်းဆောင် ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအပေါ် တရုတ်နိုင်ငံမှကူညီဆောင်ရွက်ပေးလျက်ရှိမှု၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မလေးရှားရှိ မြန်မာသံရုံးအနီး ပတ်ဝန်းကျင်အား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မပြုလုပ်ကြရန် သံရုံး မေတ္တာရပ်ခံ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးတွင် မြန်မာနိုင်ငံသားများ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ သံရုံးတည်ရှိရာ နေရာသည် လူနေအိမ်ရာရပ်ကွက်အတွင်း တည်ရှိနေသဖြင့် ပတ်ဝန်းကျင်ရှိ နေထိုင်သူများအား စိတ်အနှောင့်အယှက်ဖြစ်စေမည့် အပြုအမူများ မဖြစ်ပေါ်စေရေး ဂရုပြုဆောင်ရွက်ကြရန် မြန်မာသံရုံးက အသိပေးမေတ္တာရပ်ခံထားသည်။ လက်ရှိတွင် သံရုံးအနီးရှိ နေအိမ်များရှေ့၌ အမှိုက်များ စွန့်ပစ်ခြင်း၊ ကွမ်းတံထွေး ထွေးခြင်း၊ ဆူညံစွာ ပြုမူခြင်းနှင့် မော်တော်ယာဉ်များအား စည်းကမ်းမဲ့ ရပ်နားခြင်း စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ ပတ်ဝန်းကျင်နေထိုင်သူများက သံရုံးသို့ အဆက်မပြတ် တိုင်ကြားမှုများ ရှိနေကြောင်း ဇွန် ၂၄...

ဧရာဝတီတိုင်းတွင် ရက်(၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း၊ အသိပညာပေးဟောပြောပွဲနှင့် ပြည်သူ့စကားဝိုင်း စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရက် (၁၀၀) လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်း (၃၃) ကြိမ်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ (၅၁) ကြိမ်နှင့် ပြည်သူ့စကားဝိုင်း (၂၁) ကြိမ် စုစုပေါင်း (၁၀၅) ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူရည်က ပြောကြားသည်။ “ပြည်သူ့အစိုးရ ပေါ်ပေါက်လာတာနဲ့အညီ ပြည်သူတွေ သိလိုတဲ့အချက်အလက်တွေကို ပွင့်လင်းစွာ မေးမြန်းနိုင်ဖို့အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပညာရှင်များနဲ့ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ ပြည်သူ့စကားဝိုင်းတွေကို ဆောင်ရွက်ပေးနေတာ...

အသက် (၁၆) နှစ်အရွယ် ပင်မြင့်ယံ ရတနာပုံအသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်တင်

မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲတွင် ရတနာပုံအမျိုးသမီးဘောလုံးအသင်းမှ လူငယ်ကစားသမား ပင်မြင့်ယံသည် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင်အဖြစ် စံချိန်သစ်တင်နိုင်ခဲ့ကြောင်း ရတနာပုံအသင်းက ထုတ်ပြန်ခဲ့သည်။ ပင်မြင့်ယံသည် ဇွန် ၂၃ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာအမျိုးသမီးလိဂ် ပွဲစဉ် (၂) တွင် ရန်ကုန်စီးတီး FC အသင်းနှင့် ရင်ဆိုင်ရာ၌ ရတနာပုံအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ယင်းသွင်းဂိုးဖြင့် အသင်းသမိုင်းဝင် မှတ်တမ်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဂိုးကို သွင်းယူချိန်တွင် ပင်မြင့်ယံ၏ အသက်မှာ (၁၆) နှစ်၊ (၈) လနှင့် (၂၂) ရက်သာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071