အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူတို့နိုင်ငံမှာ ရေနံဈေးတွေ မြန်မြန်ဆန်ဆန် ကျမလာတဲ့အပေါ် မကျေနပ်ကြောင်း ပြောဆိုခဲ့ပြီး ဒီအခြေအနေကို စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးလိုက်ပါတယ်။
“ရေနံကုမ္ပဏီကြီးတွေဟာ သူတို့ဝယ်နေရတဲ့ ရေနံဈေးတွေ အများကြီး ထိုးကျသွားတာနဲ့အမျှ ဆီဆိုင်တွေမှာ ရောင်းတဲ့ဈေးကို လိုက်မချပေးကြဘူး။ <…> ဒါနဲ့ပတ်သက်ပြီး ချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စလုပ်ဖို့ တရားရေးဌာန (DOJ) ကို ကျွန်တော် ညွှန်ကြားထားပါတယ်” လို့ အမေရိကန်ခေါင်းဆောင်က သူ့ရဲ့ Truth Social လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဒီမတိုင်ခင် အစောပိုင်းတုန်းကလည်း ဇွန်လ ၂၂ ရက်နေ့မှာ ဟော်မုဇ်ရေလက်ကြားကနေ ရေနံစည်ပေါင်း ၁၉ သန်းလောက် ဖြတ်သန်းထွက်ခွာသွားခဲ့တယ်လို့ ထရမ့်က ပြောဆိုခဲ့ပါသေးတယ်။ “ရေနံဈေးတွေလည်း အများကြီး ထိုးကျသွားပြီဆိုတော့ ကမ္ဘာကြီးလည်း ပိုပြီးလုံခြုံသွားပါပြီ” လို့ သူက ပြောခဲ့ပါတယ်။