Wednesday, September 16, 2026

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့...

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre...

မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည...

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅...

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀...

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်...

ကမ္ဘောဇဘဏ်က ဧရာဝတီရေဘေးသင့် အိမ်ထောင်စု ၂,၀၀၀...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမ္ဘောဇဘဏ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခံစားနေရသည့် အိမ်ထောင်စု ၂,၀၀၀ အတွက် စားနပ်ရိက္ခာ၊ အရေးပေါ်ဆေးဝါးနှင့် အခြေခံလိုအပ်သည့်ပစ္စည်းများ ဖြန့်ဝေပေးခဲ့ကြောင်း...
HomeNewsLocal Newsမြန်မာကြူအာ(MMQR)ဖြင့် ငွေပေးချေမှုအမျိုးမျိုးအပြင် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်၌...

မြန်မာကြူအာ(MMQR)ဖြင့် ငွေပေးချေမှုအမျိုးမျိုးအပြင် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်၌ အသုံးပြုနိုင်မည်

မြန်မာကြူအာ(MMQR)ဖြင့် ငွေပေးချေမှုအမျိုးမျိုးအပြင် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်၌ အသုံးပြုနိုင်မည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၂၇ ရက်နံနက်ပိုင်းကပြုလုပ်သည့် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR စတင်အသုံးပြုခြင်းအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာကြူအာ(MMQR)အသုံးပြု၍ ငွေပေးချေမှုနှင့် အစိုးရကို အခွန်အခ၊ မီတာခပေးဆောင်ခြင်း ၊ ခရီးသွားလုပ်ငန်း၊ နိုင်ငံ့ဝန်ထမ်းများလစာပေးခြင်း၊ ပင်စင်ထုတ်ပေးခြင်း၊ အသေးစားစီးပွား ရေးလုပ်ငန်း၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံများ၊ ကျောင်းများနှင့် လူသုံးကုန်ပစ္စည်းများရောင်းချခြင်းစသည့် စီးပွားရေးလုပ်ငန်းစုံစုံလင်လင်တွင်အသုံးပြုနိုင်မည်ဟု ပြောသည်။

” အခုလို ကဏ္ဍစုံက စီးပွားရေးလုပ်ငန်းတွေ စုံစုံလင်လင်ပါဝင်လာနိုင်မှာဖြစ်တဲ့အတွက် လွယ် ကူထိရောက်မြန်ဆန်ပြီး စွမ်းဆောင်ရည်ပြည့်တဲ့ ငွေပေးချေမှုစနစ်တစ်ရပ်ကိုဖော်ဆောင်နိုင်မှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် ဗဟိုဘဏ်မှ မြန်မာကြူအာ(MMQR)ကိုတည်ထောင်နိုင်ခဲ့သဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းများနှင့် ငွေလွှဲပြောင်းပေးပို့မှုများတွင် အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချစွာဖြင့် အခြားနိုင်ငံများနည်းတူ ရင်ဘောင်တန်းဆောင် ရွက်လာနိုင်တော့မည်ဖြစ်ပြီး နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးအဆောက်အအုံဖွံ့ဖြိုးလာရန်တွန်းအားပေးသည့် စနစ်တစ်ခုလည်းဖြစ်သည်ဟု ပြောသည်။

” နည်းပညာတိုးတက်လာတာနဲ့အတူ အခုလို စ နစ်တကျအဆင်ပြေချောမွေ့အောင် စီမံဆောင် ရွက်ပေးနိုင်တာနဲ့အမျှ တစ်ဘက်မှာလည်း Online လိ-မ်လည်မှုတွေမဖြစ်အောင် စနစ်တကျစောင့်ကြည့်ထိန်းကျောင်းကြီးကြပ်ဖို့လိုအပ်ပါတယ်”ဟု နစက ဥက္ကဋ္ဌက မှာကြားသည်။

ထို့ကြောင့် ငွေပေးချေမှုစနစ်ဆိုင်ရာဖွံဖြိုးတိုး တက်မှုစနစ်တစ်ခုဖြစ်သည့် မြန်မာကြူအာ (MMQR)ဒစ်ဂျစ်တယ်ငွေပေးချေမှုချိတ်ဆက်စနစ်ကို ငွေပေးချေမှုစနစ်များခေတ်နှင့်အညီဖွံ့ ဖြိုးတိုးတက်ရန်၊ နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ပိုမိုခိုင်မာအားကောင်းလာစေရန်နှင့် နိုင်ငံတော် ၏ အကျိုးစီးပွားကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟုလည်း နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချင်းဖိုက်တာ ဂျော့ရှူးဝါးဗန်နှင့် ဘရာဇီးချန်ပီယံဟောင်း ပန်တိုဂျာတို့ စက်တင်ဘာ ၁၉ ရက် မကျေပွဲထိုးသ-တ်မည်

UFC ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် လက်ရှိချန်ပီယံ ဂျော့ရှူးဝါးဗန် (Joshua Van) နှင့် ဘရာဇီးနိုင်ငံသား ချန်ပီယံဟောင်း အလက်ဇန်းဒါး ပန်တိုဂျာ (Alexandre Pantoja) တို့၏ မကျေပွဲ (Rematch) ကို စက်တင်ဘာ ၁၉ ရက်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲကို လော့စ်အိန်ဂျလိစ်မြို့ရှိ Crypto.com Arena ၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲ၏ ခေါင်းတွဲဆိုင်း (Main Event) အဖြစ် ထည့်သွင်းကျင်းပမည်ဖြစ်ပြီး ကစားသမားနှစ်ဦးစလုံး လော့စ်အိန်ဂျလိစ်သို့...

မွန်ပြည်နယ်တွင် မြန်မာ့စတုတ္ထမြောက်အကြီးဆုံး ဖြစ်လာမည့် “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီး သွန်းလုပ်မည်

ရေး၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေ့တမောဗရတ် ကိုရင်လေးဆရာတော် သာသနာပြုနယ်မြေ၊ ပုပ္ဖရမ္မဓမ္မရာဇိကစေတီ ရင်ပြင်တော်တွင် ပြာသာဒ်ဆောင်ဖြင့် ချိတ်ဆွဲပူဇော်ရန် အလေးချိန် ၂၅ တန်ရှိ “ရာမည အတုလ ဓမ္မရာဇိက” ကြေးခေါင်းလောင်းကြီးကို သွန်းလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြေးခေါင်းလောင်းကြီးသည် ပိဿာချိန် ၁၅,၃၀၀ ခန့်ရှိမည်ဖြစ်ပြီး သွန်းလုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ စတုတ္ထမြောက်အကြီးဆုံး ကြေးခေါင်းလောင်းကြီး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မင်းကွန်းခေါင်းလောင်းကြီး၊ သာယာဝတီမင်းခေါင်းလောင်းတော်နှင့် သီရိသုမနခေါင်းလောင်းတော်တို့ကို မြန်မာနိုင်ငံရှိ အကြီးဆုံးကြေးခေါင်းလောင်းကြီးများအဖြစ် အစဉ်လိုက် သတ်မှတ်ထားကြောင်း သိရသည်။ ခေါင်းလောင်းကြီးသွန်းလုပ်ရန် ဒေသခံပြည်သူများ...

ဟော်မုဇ်ရေလက်ကြားပြဿနာကြောင့် EU ဘီလီယံ ၉၀ ဆုံးရှုံး

​ဟော်မုဇ်ရေလက်ကြားပြဿနာတွေကြောင့် ဥရောပသမဂ္ဂ (EU)ဟာ ယူရိုငွေ ဘီလီယံ ၉၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန် (Ursula von der Leyen) က ပြောကြားလိုက်ပါတယ်။ ​အီရန်ပတ်ဝန်းကျင်က ပဋိပက္ခတွေနဲ့ ဟော်မုဇ်ရေလက်ကြားက အခြေအနေတွေကြောင့် အခုလို ယူရိုငွေ ဘီလီယံ ၉၀ အထိ ဆုံးရှုံးခဲ့ရတာလို့ သူမက ဆိုပါတယ်။ "ဟော်မုဇ်ရေလက်ကြား ပဋိပက္ခတွေ စတင်ကတည်းကဆိုရင် ပြည်ပကနေ တင်သွင်းရတဲ့ ရုပ်ကြွင်းလောင်စာတွေအတွက် ကျွန်မတို့အနေနဲ့ ယူရို ဘီလီယံ ၉၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071