Monday, July 6, 2026

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင်...

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ...

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆)...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး...

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊...

ပဲခူးတိုင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး...

ပဲခူးတိုင်းဒေသကြီးအတွင်း၌ လျာထားမိုးသီးနှံများ အပြည့်အဝစိုက်ပျိုးရန်နှင့် သဘာဝဘေး ကြိုတင်ကာကွယ်ရန် ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လမ်းညွှန်မှာကြားလိုက်သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ ၃ ရက်က ပြုလုပ်သည့်...
HomeNewsLocal Newsမြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး...

မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာရေး သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၄ ရက် ညနေပိုင်းက လာအိုနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမှ ဝန်ထမ်းမိသားစုများနှင့် ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံ၍ မြန်မာ-လာအို နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေးဆိုင်ရာ လမ်းညွှန်မှာကြားခဲ့သည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက မြန်မာနှင့် လာအိုနိုင်ငံတို့သည် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းကောင်းနိုင်ငံများ၊ မိတ်ဆွေကောင်းနိုင်ငံများဖြစ်ကြောင်း၊ အစဉ်အလာရှိသည့် ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးကောင်းမွန်မှုကို ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် သံရုံးနှင့် စစ်သံရုံးတို့တွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။ နိုင်ငံတော်သမ္မတက မြန်မာနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံ နိုင်ငံ့အကြီးအကဲများ၏ ချစ်ကြည်ရေးခရီးစဉ်များကိုလည်း အပြန်အလှန်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အာဆီယံနိုင်ငံများအနက် လာအိုနိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို နားလည်လက်ခံသည့် နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။ ယင်းနောက် နိုင်ငံတော်သမ္မတက လာအိုနိုင်ငံ၌ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို တတ်နိုင်သမျှ စောင့်ရှောက်ကူညီပေးကြရန်၊ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်နှင့် အင်္ဂလိပ်ဘာသာစကား၊ AI နည်းပညာနှင့် ကွန်ပျူတာနည်းပညာဆိုင်ရာ အသိပညာများကို အစဉ်တစိုက် လေ့လာမြှင့်တင်ကြရန်လည်း လမ်းညွှန်မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင်...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ FC ၏ လာမည့်ပွဲစဉ် ၃ ပွဲ ဖြင့် လွဲချော်မည်

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆) တို့တွင် အသင်းအတွက် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း အသင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည်။ အသင်း၏ ထုတ်ပြန်ချက်အရ မေထက်လူသည် လက်ရှိတွင် ပြည်ပ၌ ပညာသင်ကြားနေပြီး မြန်မာနိုင်ငံနှင့် ပညာသင်ကြားနေသည့် နိုင်ငံအကြား အချိန်ကွာဟမှုအပြင် အသင်းသို့မရောက်ရှိမီကတည်းက စီစဉ်ထားခဲ့သည့် လုပ်ငန်းတာဝန်များနှင့် တိုက်ဆိုင်နေခြင်းကြောင့် ယင်းပွဲစဉ်များတွင် အပြည့်အဝ အာရုံစိုက် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အခက်အခဲများ ရှိနေကြောင်း...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး မီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊ မီတာဖတ်ရှုမှုနှင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု လျှော့ချရေး ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဓိကကဏ္ဍတစ်ခုအနေဖြင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု များပြားနေသည့် (၃၃) ကေဗီ မြောင်းတကာ - မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းများ၏ မီတာများကို ရှောင်တခင် သွားရောက်စစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် အဆိုပါ ဓာတ်အားလိုင်းတစ်လျှောက် ပျောက်ဆုံးမှုနှုန်းများကို ခွဲခြားသိရှိနိုင်ရန်အတွက် (၃၃)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071