မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တို့ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တို့သည် စက်တင်ဘာ ၁၄ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့်အတူ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
