Tuesday, September 1, 2026

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ...

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ...

ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်...

နေပြည်တော်၊ စက်တင်ဘာ ၁ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၄၃၂,၁၅၀ ဝယ်ယူတင်သွင်း...

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ်...

တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်)...

ငမိုးရိပ်ရေလှောင်တမံ ရေပြည့်အမှတ်ထက် တစ်ပေခွဲနီးပါး ကျော်လွန်

ရန်ကုန်​၊စက်တင်ဘာ ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ငမိုးရိပ်ရေလှောင်တမံတွင် အဆက်မပြတ် မိုးရွာသွန်းမှုများကြောင့် ရေပြည့်အမှတ်ထက် ကျော်လွန်ကာ ရေပိုလွှဲမှ ရေများ စီးဆင်းလျက်ရှိသည်။ ယနေ့ စက်တင်ဘာ ၁ ရက်...
HomeNewsLocal Newsမြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေး၊ စွမ်းအင်၊...

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေး၊ စွမ်းအင်၊ အာကာသနှင့် နျူကလီးယားနည်းပညာကိုငြိမ်းချမ်းသည့်ရည်ရွယ်ချက်ဖြင့်အသုံးပြုရေးတို့တွင် သိသာထင်ရှားသော တိုးတက်မှုများကိုဖော်ဆောင်နိုင်ခဲ့ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

မြန်မာ-ရုရှားနှစ်နိုင်ငံဆက်ဆံရေး၌ စီးပွားရေး၊ စွမ်း အင်၊ အာကာသနှင့် နျူကလီးယားနည်းပညာကိုငြိမ်း ချမ်းသည့်ရည်ရွယ်ချက်ဖြင့်အသုံးပြုရေးတို့တွင် သိသာထင်ရှားသောတိုးတက်မှုများကိုဖော်ဆောင်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ပြောသည်။

မြန်မာနိုင်ငံတော်သမ္မတက ယနေ့ သြဂုတ် ၁၉ ရက်နံ နက်ပိုင်းတွင် မော်စကိုမြို့ရှိ ဖက်ဒရယ်ပြည်ထောင်စု အစိုးရဘတ်ဂျက်သုံးအဆင့်မြင့်ပညာရေးဌာန G.V. Plekhanov စီးပွားရေးတက္ကသိုလ်မှ မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့တံဆိပ်အပ်နှင်းခြင်းအခမ်းအနား၌ ကျေးဇူးတင်စကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ-ရုရှား ဆက်ဆံရေးသည် ၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်တွင် သံတမန်ဆက်ဆံရေးထူထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် (၇၅)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ရာ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးနှင့်နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ထူထောင်ထားရှိနိုင်ခဲ့ရုံမက ပိုမိုနက်ရှိုင်းသည့် စီးပွားရေး၊ နည်းပညာနှင့် ကဏ္ဍစုံမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုအဆင့်သို့တက်လှမ်းနိုင်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။
ထို့ပြင် နှစ်နိုင်ငံကြား အပြန်အလှန်ခရီးစဉ်များနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုသည် အရှိန်အဟုန်ဖြင့်တိုးမြင့်လျက်ရှိပြီး လွန်ခဲ့သည့်(၅)နှစ်တာကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ပိုမိုနက်ရှိုင်းခိုင်မာလာကာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာသည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ ဖြိုးတိုးတက်ရေးအတွက် အဓိက အသက်သွေးကြောသည် “ပညာရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး”ဖြစ်ရာ ပညာရေးကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးမူဝါဒတစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

” အထူးသဖြင့် အခြေခံပညာစနစ်ကိုပိုမိုခိုင်မာအောင် တည်ဆောက်တာ၊ သင်ရိုးညွှန်းတမ်းတွေအဆင့်မြှင့်တင်တာ၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းတွေ နည်းပညာကျောင်းတွေတိုးချဲ့ဖွင့်လှစ်ပေးတာ၊ အဆင့်မြင့်ပညာကဏ္ဍမှာ တက္ကသိုလ်တွေရဲ့ သင်ကြားနည်းစနစ်တွေကိုနိုင်ငံတကာအဆင့်မီစေဖို့ ဘက်စုံမြှင့်တင်ပေးတာတွေကိုဆောင်ရွက်နေပါတယ်”ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ အနာဂတ်ကိုပိုင်စိုးမည့် မျိုးဆက်သစ်မြန်မာနိုင်ငံသား လူငယ်လူရွယ်များ၏ အသိပညာ၊ အတတ်ပညာများပိုမိုတိုးတက်ပြည့်စုံစေရန် ရုရှားနိုင်ငံအပါအဝင် ပြည်ပသို့ ပညာတော်သင်များစေလွှတ်လျက်ရှိရာ လွန်ခဲ့သည့် နှစ်ပေါင်း(၂၅)နှစ်အတွင်း ရုရှားနိုင်ငံသို့ မြန်မာပညာတော်သင် (၇,၀၀၀)ကျော်စေလွှတ်တက်ရောက်စေခဲ့၍ ရလဒ်အကျိုးဆက်အဖြစ် မြန်မာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ကဏ္ဍပေါင်းစုံမှတိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓာတ်မြေဩဇာ၊ LNG နှင့် ဒီဇယ်ဆီ တင်သွင်းမှု အခွန်ကင်းလွတ်ခွင့် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်

စိုက်ပျိုးရေးထုတ်လုပ်မှု ကုန်ကျစရိတ်လျှော့ချရေး၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အထောက်အကူပြုရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ သဘာဝဓာတ်ငွေ့ရည် (LNG) နှင့် ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုများအပေါ် အခွန်ကင်းလွတ်ခွင့်များကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ထပ်မံသက်တမ်းတိုးမြှင့်လိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်သည်။ ဓာတ်မြေဩဇာတင်သွင်းမှုအတွက် ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန် (၂ ရာခိုင်နှုန်း) ကင်းလွတ်ခွင့်ကို စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန် ရည်ရွယ်၍ စက်တင်ဘာ...

ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန် ၄၃၂,၁၅၀ ဝယ်ယူဖြန့်ဖြူးရောင်းချရန် ထောက်ခံချက်ပေးထား

နေပြည်တော်၊ စက်တင်ဘာ ၁ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ ကွန်ပေါင်းနှင့် အခြားမြေဩဇာ တန်ချိန် ၄၃၂,၁၅၀ ဝယ်ယူတင်သွင်း ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် ထောက်ခံချက်များ ပေးထားကြောင်း သိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ ဓာတ်မြေဩဇာများကို စိုက်ပျိုးသီးနှံများအတွက် အချိန်မီ အသုံးပြုနိုင်ရေးနှင့် တောင်သူများထံသို့ အချိန်မီ ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်ကာ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင်...

တောင်ငူမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ယာဉ်တို-က်မှုဖြစ်ပြီး ဆီဘောက်ဆာယာဉ် မီးလေ-ာင်ကျွမ်း

တောင်ငူ၊ စက်တင်ဘာ ၁ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် ယနေ့ (စက်တင်ဘာ ၁ ရက်) နံနက်ပိုင်းက ဆီဘောက်ဆာယာဉ်နှင့် ကွန်တိန်နာယာဉ်တို့ မျက်နှာချင်းဆိုင် တို-က်မိရာမှ မီးလေ-ာင်မှုဖြစ်ပွားခဲ့သည်။ ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် ဆီဘောက်ဆာယာဉ်နှင့် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် ကွန်တိန်နာယာဉ်တို့ တို-က်မိခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ် ဖြစ်ပွားရာသို့ တောင်ငူမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071