Home News Local News မြန်မာ-မလေးရှား နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ၊ အာဆီယံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

မြန်မာ-မလေးရှား နိုင်ငံခြားရေးဝန်ကြီးများတွေ့ဆုံ၊ အာဆီယံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆွေးနွေး

0
69

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ်ရောက်ရှိနေသည့် မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒါတို ဆရီ ဥတမ ဟာဂျီ မိုဟာမက် ဘင် ဟာဂျီ ဟာဆန်တို့သည် မေ ၁၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးစဉ် မြန်မာ-မလေးရှား နှစ်နိုင်ငံကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံအပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မေ ၁၉ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် အထူးလေယာဉ်ဖြင့် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here