Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsမြန်မာ-တရုတ်ကုန်သွယ်ရေးတွင်အရေးပါသည့် ဗလမင်းထင်အမှတ်(၂)တံတားတည်ဆောက်နေ

မြန်မာ-တရုတ်ကုန်သွယ်ရေးတွင်အရေးပါသည့် ဗလမင်းထင်အမှတ်(၂)တံတားတည်ဆောက်နေ

ကချင်ပြည်နယ်၌ မြန်မာ-တရုတ်ကုန်သွယ်ရေးတွင်အရေးပါသည့် ဗလမင်းထင်အမှတ်(၂)တံ တားကိုတည်ဆောက်လျက်ရှိရာ စီမံကိန်းဆောင်ရွက်နေမှုအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်မှ ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဗလမင်းထင်အမှတ်(၂)တံတားအား မြန်မာ-တရုတ်ကုန်သွယ်ရေးအတွက်အရေးပါသော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားသွားကားလမ်းပေါ် ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်အရှေ့နှင့် အနောက်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့အားဆက်သွယ်ထားသည့်လမ်းမကြီးပေါ်တွင် တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့ (၁)၊ တံတားအထူးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိခြင်းဖြစ်သည်။

ပြည်နယ်ဝန်ကြီးချုပ်မှ တံတားတည်ဆောက်နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီးနောက် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားကာ တည်ဆောက်ရေးဆိုင်ရာပစ္စည်းများသယ်ယူရရှိမှုနှင့် တံတားတည်ဆောက်ရေးကာလအတွင်း ရေလမ်းကြောင်းပြောင်းလဲမှုအခြေအနေများ၊ လိုအပ် ချက်များကိုညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဗလမင်းထင်အမှတ်(၂)တံတားသစ်သည် အရှည်ပေ(၃၂၁၂ ဒဿမ ၀၉၉)ပေရှိပြီး ဘိုးပိုင်၊ သံကူကွန်ကရစ်ရေလယ်တိုင်နှင့် သံကူကွန်ကရစ်ကမ်းကပ်ခုံပေါ်တွင် Steel Box Grider နှင့် RCC Slab အမျိုးအစားဖြစ်ကာ ယာဉ်သွားလမ်းအကျယ် ၂၇ ပေကျော်ရှိပြီး (၇၅)တန်ထိခံနိုင်ဝန်ရှိသော တံတားတစ်စင်းဖြစ်သည်။

ထို့ကြောင့် မြန်မာ-တရုတ် ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၏ နမ္မတီး-တနိုင်း -ပန်ဆောင်လမ်းမှတစ်ဆင့် အိန္ဒိယနိုင်ငံအထိ ဆက်သွယ်အသုံးပြုနိုင်ပြီး နိုင်ငံ့အကျိုးစီးပွားဖွံ့ ဖြိုးရေးအတွက် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကာ တံတားသစ်တည်ဆောက်ပြီးပါက တံတားနှစ်စင်းလုံးအား အသုံးပြုနိုင်မည်ဖြစ် သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071