Home News Local News မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန် လည်ထွက်ခွာ

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့်ပြန် လည်ထွက်ခွာ

0
139

တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည် ရေးခရီးစဥ်ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ ဇွန် ၁၉ ရက်နေ့လည်ပိုင်းက ဟန်ကျိုးမြို့ရှိ ဟန်ကျိုးလေဆိပ်မှတစ်ဆင့် နေပြည်တော်သို့ အထူးလေယာဥ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။

နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဥ်အဖြစ် ဇွန် ၁၅ ရက်မှစတင်ကာသွားရောက်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသမ္မတ၊ တရုတ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (NPC)ဥက္ကဋ္ဌတို့အပါအဝင် တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထို့ပြင် ပေကျင်းမြို့၊ ရှန်ဟိုင်းမြို့နှင့် ဟန်ကျိုးမြို့တို့ရှိ အထင်ကရနေရာများ၊ စက်ရုံ၊ အလုပ်ရုံများကိုလည်း ကြည့်ရှုလေ့လာပြီး စီးပွားရေးဆိုင်ရာအစည်းအဝေးများကိုလည်းတက်ရောက်ခဲ့သည်။ ထို့အတူ နိုင်ငံတော်သမ္မတသည် တရုတ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးပြီးချိန်ကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်နှင့် စာချွန်လွှာ(၁၈)စောင်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ တရုတ်နိုင်ငံခရီးစဥ်သည် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို တိုးမြှင့်လုပ်ဆောင်နိုင်ခဲ့သည့်အပြင် နည်းပညာဆိုင်ရာအကူအညီပေးရေးကိုလည်း ညှိနှိုင်းသဘောတူနိုင်ခဲ့သဖြင့်  အောင်မြင်သည့်ခရီးစဥ်တစ်ခုဖြစ်ခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here