Sunday, July 5, 2026

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ...

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန်...

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ...

လာအိုရိုးရာ ဘာစီမင်္ဂလာကြိုးဖြူချည်နှောင်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းတည့်ပိုင်းက လွန်ပရာဘန်မြို့ရှိ...
HomeNewsLocal Newsမြစ်ကြီးနား-ရွှေဘို ကားလမ်းနှင့် မီးရထားလမ်းပေါ်ရှိ...

မြစ်ကြီးနား-ရွှေဘို ကားလမ်းနှင့် မီးရထားလမ်းပေါ်ရှိ မဲဇာနှင့် နန့်သဲကျေးရွာများကို တပ်မတော် ပြန်လည်ထိန်းချုပ်

အင်းတော်မြို့ကို ဧပြီလကုန်ပိုင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တပ်မတော်စစ်ကြောင်းများသည် အနီးပတ်ဝန်းကျင်ကျေးရွာများရှိ လက်နက်ကိုင်ပူးပေါင်းအဖွဲ့များ၏ ယာယီစခန်းများကို ဆက်လက်ရှင်းလင်းလျက်ရှိရာ ဇူလိုင် ၄ ရက်တွင် မြစ်ကြီးနား-ရွှေဘို လမ်းပိုင်းရှိ အရေးပါသည့် ကျေးရွာနှစ်ရွာကို ထပ်မံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် နေရာများမှာ မြစ်ကြီးနား-ရွှေဘို မီးရထားလမ်းပေါ်ရှိ မဲဇာကျေးရွာနှင့် မြစ်ကြီးနား-ရွှေဘို ကားလမ်းပေါ်ရှိ နန့်သဲကျေးရွာတို့ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးအရ အချက်အချာကျသည့် နေရာများဖြစ်ကြောင်း သိရသည်။

တပ်မတော်၏ နယ်မြေလုံခြုံရေးစစ်ကြောင်းများသည် ဇွန် ၂၇ ရက်မှစတင်၍ နတ်မဟုတ်လေး၊ ဆည်ရွာ၊ လယ်နောင်၊ နတ်မဟုတ်ကြီးနှင့် သံဘိုကျေးရွာများအနီးတွင် အဆင့်ဆင့် စစ်ဆင်ရေးများ ဆောင်ရွက်ခဲ့ပြီးနောက် ဇူလိုင် ၄ ရက် ညနေပိုင်းတွင် မဲဇာနှင့် နန့်သဲကျေးရွာတို့ကို အသီးသီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နယ်မြေစိုးမိုးရေးစစ်ဆင်ရေးအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲကြီးငယ် စုစုပေါင်း ၃၂ ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးဘက်၏ ပြောကြားချက်အရ တို-က်ပွဲများအတွင်း လက်နက်ကိုင်အဖွဲ့ဝင် ၇ ဦး၏ အလောင်းများ၊ လေယာဉ်ပ-စ်စက်‌ေ-သနတ်အပါအဝင် လက်နက်မျိုးစုံ ၁၂ လက်၊ မော်တော်ယာဉ် ၂ စီး၊ Drone များနှင့် ခဲယမ်းမီးကျောက်အများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျေးရွာများကို ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည့်အပြင် ရပ်ဆိုင်းခဲ့ရသည့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဦးစားပေး အကောင်အထည်ဖော်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုနိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် အောင်မြင်စွာဖြင့် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ နေပြည်တော်သို့ ပြန်လည်ထွက်ခွာ

လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၃ ရက်မှ စတင်၍ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဦးဆောင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇူလိုင် ၅ ရက် နေ့လည်ပိုင်းတွင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာခဲ့သည်။ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဇနီး၊ စစ်သံမှူးနှင့် ဇနီး၊ မြန်မာသံရုံးနှင့် စစ်သံရုံးမှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် အဆင့်မြင့်အရာရှိကြီးများ၊ လွန်ပရာဘန်ပြည်နယ်ပါတီကော်မတီ...

ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေး ဆက်လက်မြှင့်တင်ပြီး ကျိုင်းတုံ-လွန်ပရာဘန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

လာအိုနိုင်ငံ၊ လွန်ပရာဘန်မြို့၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E. Mr. Bounleuam Manivong နှင့် တွေ့ဆုံစဉ် ပုဂံ-လွန်ပရာဘန် ညီအစ်မမြို့တော်ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်နှင့် ကျိုင်းတုံ-လွန်ပရာဘန်အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးကို ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံစဉ် မြန်မာ-လာအို နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုနှင့် ဒေသအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ နိုင်ငံတော်သမ္မတက နှစ်နိုင်ငံပြည်သူများ၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများတွင် တူညီမှုများစွာရှိသဖြင့်...

လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် “ဝပ်စီယမ်သုန်” ဘုရားအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့ ဖူးမြော်ကြည်ညို

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို့သည် ယနေ့ ဇူလိုင် ၅ ရက် မွန်းလွဲပိုင်းက လွန်ပရာဘန်မြို့ရှိ သမိုင်းဝင် "ဝပ်စီယမ်သုန်" (Wat Xieng Thong) ဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ ထိုသို့ ဖူးမြော်ရာတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘုရားအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်များအား ကြည်ညိုဖူးမြော်ခဲ့ကြပြီး ဘုရား၏ ရှေးဟောင်းဗိသုကာလက်ရာများ၊ လာအိုနိုင်ငံ၏ ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်များနှင့် ထူးခြားသည့် အနုပညာလက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ဝပ်စီယမ်သုန်ဘုရားသည် လွန်ပရာဘန်မြို့၏ အထင်ကရ သမိုင်းဝင်ဗုဒ္ဓဘုရားကျောင်းတစ်ဆူဖြစ်ပြီး လာအိုနိုင်ငံ၏ အရေးပါဆုံး ဘာသာရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071