Home Movies မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည်

မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရထားခရီးစဉ်များ ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲမည်

0
89

ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန်ရ ထားခရီးစဉ်များပြန်လည်ပြေးဆွဲနိုင်ရေးဆောင်ရွက်ခဲ့မှုကြောင့် လာမည့် ဇူလိုင် ၂၁ ရက်တွင်စတင်ပြေးဆွဲပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား (၅၂ ဒဿမ ၂၅)မိုင်အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများပြုပြင်တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက်ရှင်းလင်းခြင်း၊ သံလမ်းပြုပြင်ခြင်း၊ နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်တွင်တည် ဆောက်ထားသော ရထားလမ်းမိုင်တိုင် ၆၅၆/၁၆ နှင့် ၆၅၆/၁၈ ရှိ တံတားအမှတ်(၆၃၀)အား တံတားရေလည်တိုင်များပျက်စီးမှုကိုပြန်လည်ပြုပြင်တည်ဆောက်ခြင်း ၊ တံတားကမ်းကပ်ခုံရေတိုက်စားမှုကိုပြုပြင်တည် ဆောက်ခြင်း၊ သံလမ်းဇလီဖားတုံးမြှင့်တင်ခြင်းတို့ကိုလည်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်နေမှုများကို ကချင်ပြည် နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇူလိုင် ၁၁ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးပြီး ရထားတာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

photo_ကချင်ပြည်နယ်အစိုးရ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here