Monday, June 15, 2026

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ...

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌...

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့်...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို...

ရန်ကုန် Smart City စီမံကိန်း...

ရန်ကုန်မြို့အား Smart City စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက် တိုးတက်မှုအဆင့် (Star Rating System) စနစ်သတ်မှတ်၍ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ...
HomeNewsLocal Newsမုံရွာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူနေရ

မုံရွာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူနေရ

မုံရွာမြို့ စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီဝယ်ယူနေရပြီး စက်သုံးဆီအရောင်းဆိုင်တချို့မှာ ရောင်းချရန် ဆီမရှိဟုဆိုကာ ပိတ်ထားရပြီး အရောင်းဖွင့်ပေးထားသည့်ဆိုင်အချို့တွင်လည်း ဆီအမျိုးအစားအစုံဝယ်ယူ၍မရကြောင်း သိရသည်။

လက်ရှိတွင် မုံရွာမြို့ရှိ ဆီဆိုင်အချိူ့ အရောင်းပိတ်ထားပြီး အချို့ဆိုင်များတွင်လည်း 95 ရပါက 92 မရကြောင်းနှင့် 92 ရလျှင် 95 မရကြောင်း သိရသည်။

“95 က မိတ္ထီလာရောက်နေပြီ။ ညနေ(သြဂုတ်၂)လောက်ဆို 95ရပြီ။ ဆီကလုံးဝမပြတ်နိုင်ပါဘူး။ အခုလတ်တလောစျေးက ၄၀၀၀ ပတ်လည်ရောင်းပေးနေပါတယ်”ဟု စက်သုံးဆီအရောင်းဆိုင်ပိုင်တစ်ဦးက ပြောသည်။

မုံရွာမြို့တွင်း စက်သုံးဆီဆိုင်ကြီးများတွင် လတ်တလော မော်တော်ကားများ ဆီအရောင်းခေတ္တရပ်ထားကာ ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များကို ဦးစားပေးရောင်းချပေးနေကြောင်းသိရသည်။

ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များကို စက်သုံးဆီရောင်းချပေးရာတွင်လည်း တစ်စီးလျင် ကျပ် ၈၀၀၀ ဖိုးသာအများဆုံးရောင်းချပေးနေပြီး ပုံးများဖြင့် ဝယ်ယူမှုကို ရောင်းချမပေးကြောင်း သိရသည်။

“မနက်စောစောထပြီး ဆီအရင်လာတန်းဝယ်ရတယ်။ ဒါပြီးမှ ကျန်တဲ့ အလုပ်လုပ်ရတယ်။ မနက်ပိုင်းဆီဆိုင်တွေဆီလှည့်တန်းရတာ ဇူလိုင်လကုန်ပိုင်းက စတန်းစီနေရတာပါ”ဟုဆီတန်းစီဝယ်ယူရန် လာရောက်သူတစ်ဦးက ပြောသည်။

မုံရွာမြို့တွင်းရှိ စက်သုံးဆီ အရောင်းဆိုင်ငယ်များ အနေဖြင့် 92 ရေသန့်တစ်ဗူးလျင် ကျပ် ၄၅၀၀ မှ ၅၀၀၀ ကျပ်ဖြင့်ရောင်းချပေးနေပြီး ပန့်ထောင်စက်သုံးဆီ အရောင်းဆိုင်ငယ်အများစုသည် အရောင်းရပ်နားထားကြသည်ကို တွေ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်၏ အာကာသနည်းပညာ အောင်မြင်မှုများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကြည့်ရှုလေ့လာ

တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၅ ရက်တွင် ပေကျင်းမြို့ရှိ Aerospace City သို့ သွားရောက်ကာ တရုတ်နိုင်ငံ၏ အာကာသနှင့် လေကြောင်းနည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို ကြည့်ရှုလေ့လာခဲ့သည်။ Aerospace City သည် တရုတ်နိုင်ငံ၏ အာကာသသိပ္ပံ၊ ဂြိုဟ်တုနည်းပညာ၊ ဒုံးပျံစနစ်များနှင့် အဆင့်မြင့်လေကြောင်းနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်ပြီး ပေကျင်းအာကာသထိန်းချုပ်ရေးစင်တာ (BACC)၊ တရုတ်အာကာသနည်းပညာအကယ်ဒမီ (CAST) နှင့်...

အာကာသ၊ ရေနက်ပိုင်းနည်းပညာနှင့် AI တီထွင်မှုကဏ္ဍတို့၌ တရုတ်လူငယ်များအရေးပါနေ

ဝူဟန်၊ ဇွန်လ ၁၅ ရက် တရုတ်နိုင်ငံသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေချိန်တွင် တရုတ်လူငယ်များသည် အာကာသနည်းပညာ၊ ရေနက်ပိုင်း စူးစမ်းလေ့လာရေးနှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော နောက်ဆုံးပေါ် နည်းပညာ နယ်ပယ်များတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားနေကြကြောင်း တနင်္လာနေ့တွင် ထွက်ပေါ်လာသည့် ဉာဏ်ကြီးရှင်အဖွဲ့ ၏ အစီရင်ခံစာအသစ်တစ်ခုတွင် ဖော်ပြထားသည်။ ရှင်းဟွာသုတေသနအဖွဲ့က ထုတ်ပြန်သည့် “ခေတ်သစ်အတွင်းရှိ တရုတ်လူငယ်များ--ကြိုးပမ်းအားထုတ်သူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပံ့ပိုးကူညီသူများ” ဟူသော အစီရင်ခံစာအရ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုသည် တရုတ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၏...

ကမ္ဘာ့ဖလားပြိုင်ပွဲဆင်နွှဲရန် အီရန်အသင်း အမေရိကသို့ ရောက်ရှိလာ

        အီရန်ဘောလုံးအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပထမဆုံးအကြိမ်အဖြစ် တနင်္ဂနွေနေ့တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ကာ လော့ဆန်းဂျလိစ်နိုင်ငံတကာလေဆိပ်တွင် ဆင်းသက်ခဲ့ပြီး နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြေညာခဲ့သည့် နေ့မှာပင် ပွဲကြိုသတင်းစာရှင်းလင်းပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။        အီရန်အသင်းသည် မက္ကဆီကိုနိုင်ငံ တီဟွာနာမြို့ရှိ ၎င်းတို့၏ လေ့ကျင့်ရေးစခန်းမှ လေယာဉ်ဖြင့်ထွက်ခွာလာခြင်းဖြစ်ပြီး တနင်္လာနေ့တွင် လော့ဆန်းဂျလိစ်ကွင်း၌ နူးဇီလန်အသင်းနှင့် ပွဲဦးထွက်ကစားသွားရမည်ဖြစ်သည်။       “ကြီးကျယ်ဂုဏ်ယူဖွယ်ကောင်းပြီး ခိုင်မာတဲ့ အီရန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့အတွက် အလွန်ပျော်ရွှင်ရပါတယ်” ဟု အီရန်နည်းပြ အမီယာ ဂါလီနိုအီက အားကစားကွင်းတွင် ပြုလုပ်ခဲ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071