စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယနေ့ မေ ၁၉ ရက်နံနက် ၇ နာရီခန့်က မိုးရွာသွန်းပြီးသစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မုံရွာမြို့တွင် မိုးရွာသွန်းမှုကြောင့် ကန်သာဦးရပ်ကွက်၊ ကန်သာယာအနီး၊ ပြည်ထောင်စုလမ်းဘေးတွင် သစ် ပင်လဲကျခဲ့သဖြင့် မုံရွာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မေတ္တာစေရာလူ မှုကူညီရေးအသင်းဝင်များက အောင်မြသန်းကုမ္ပဏီ ၏ ကရိန်း(၂)စီး၊ ဝေဖြိုးအောင်ကရိန်းဝန်ဆောင်မှုမှ က ရိန်း(၁)စီးတို့ဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် ယနေ့ မေ ၁၉ ရက်နံနက် ၅ နာရီ ၄၀ မိနစ်ခန့်ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် သစ်ပင်လဲကျသဖြင့် မင်းဘူးမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
