မိုးလေဝသအခြေအနေ(၃)ရပ်ကြောင့် တိုင်းနှင့်ပြည်နယ်အကုန်လုံး၌ ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အတွင်း ချိန်ခါမဟုတ်မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ဖေဖော်ဝါရီ ၂၀ ရက်ည ၆ နာရီက ချိန်ခါမဟုတ်မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁/၂၀၂၅)အဖြစ် အသိပေးခဲ့သည်။
မိုးဇလ၏တိုင်းထွာချက်များအရ ကပ္ပလီပင် လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများတွေ့ဆုံခြင်း၊ အနောက်ဘက်မှ လေပွေလှိုင်းများ၊ အရှေ့ဘက်မှ လေပွေလှိုင်းများရွှေ့လျားလာခြင်းတို့ဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အ တွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည် နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေ ရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ် ကိုင်းတိုင်း(အထက်ပိုင်း)၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာသွန်းနိုင်သည်ဟု အသိပေးခဲ့သည်။
ထိုသို့ ချိန်ခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ် ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်စဉ်များဖြစ်ပေါ်နိုင်၍ ကြို တင်သတိပြုကြရန်လည်း မိုးဇလကသတိပေးခဲ့သည်။
