မိုးရာသီရောက်ရှိလာသည့်နှင့်တစ်ပြိုင်နက် လေပြင်းတို-က်ခတ်မှုနှင့်အတူ သစ်ပင်သစ်ကိုင်းများ လဲကျ/ကျိုးကျခြင်းများလည်း မကြာခဏဖြစ်ပွားလျက်ရှိရာ လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ လဲကျ/ကျိုးကျပါက အလွန်အန္တရာယ်များလှသည်။
ထို့ကြောင့် ယနေ့ မေ ၂၉ ရက်တွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ လျှပ်စစ်ကျွမ်း ကျင်ဝန်ထမ်းများက မင်္ဂလာဒုံမြို့နယ်၊ ဒညင်းကုန်း လမ်းဆုံမှ ခရေပင်လမ်းတစ်လျှောက် ၃၃ ကေဗွီ လှော်ကား-Ba (ဒညင်းကုန်း-ခရေပင်) ဓာတ်အားလိုင်းများနှင့်မလွတ်ကင်းသည့်အန္တရာယ်ရှိသစ်ပင်သစ်ကိုင်းများကိုခုတ်ထွင်ရှင်းလင်းပေးခဲ့ကြသည်။
ထို့ပြင် ဓာတ်အားလိုင်းများစစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုလည်း လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများကပြုလုပ်ပေးခဲ့ကြသည်။
