လာမည့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံးများ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေး လိုအပ်သည်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးမှု နှင့် ပတ်သက်သည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မကြာမီ မိုးကျလာတော့မည် ဖြစ်ပြီး ကောင်းမွန်လျှက်ရှိနေသည့် ရေအားလျှပ်စစ် စက်ရုံများ စွမ်းအားပြည့်လည်ပတ်၍ ဓာတ်အား ထုတ်ယူရမည်ဖြစ်ပြီး တမံကြီးများကို ကြိုတင်စစ်ဆေး၍ ကြံ့ခိုင်မှုကောင်းမွန်နေစေရန် စီမံဆောင်ရွက်ခြင်း ရေအားလျှပ်စစ်စက်ရုံများကို ပြန်လည်စစ်ဆေးပြီး လိုအပ်သည်များ အမြန်ပြုပြင်နိုင်ရေးအတွက် ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။
နိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှု အခြေခံဝန်အားအတွက် ရေအားလျှပ်စစ်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများကို အသုံးပြုနေခြင်းလည်း ဖြစ်သည်။
လက်ရှိ အပူချိန်မြင့်မားသည့် အချိန်တွင် သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေရခြင်းဖြစ်ကြောင်း သိရသည်။
