Thursday, April 23, 2026

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game...

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင်...

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ...

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ...

ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်း ပစ်ခတ်ခံရ

ဧပြီလ ၂၂ ရက်နေ့က ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်းထက်မနည်း ပ-စ်ခတ်ခံရကြောင်း ရေကြောင်းလုံခြုံရေးသတင်းရင်းမြစ်များနှင့် ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ(UKMTO) က ပြောကြားခဲ့သည်။ အမေရိကနှင့်အစ္စရေးတို့၏ ဗုံးကြဲတို-က်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့်...

တရုတ်က သီရိလင်္ကာကျောင်းသား ၄.၄ သန်းကျော်အတွက်...

ကိုလံဘို၊ ဧပြီလ ၂၂ ရက် (ဒေးလီမစ်ရာ) --တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၂၀၂၆ ခုနှစ်အတွက် ကျောင်းဝတ်စုံအပြည့်အစုံ ပေးအပ် လှူဒါန်းခြင်း ပြီးစီးကြောင်း အတည်ပြုလက်မှတ်များကို...
HomeCelebrities' Newsမိုရီဆာကီဝင်း ပါဝင်သော Win’s...

မိုရီဆာကီဝင်း ပါဝင်သော Win’s Shooow Time ကို နိုဝင်ဘာ ၁၇ ရက်နေ့ စတင် ထုတ်လွှင့်မည်

မြန်မာပြည်ဖွား ဂျပန်အဆို တော် မိုရီဆာကီဝင်းပါဝင်မယ့် Win’s Shooow Time အစီအစဉ် ကို နိုဝင်ဘာလ ၁၇ ရက်နေ့မှစပြီး အပတ်စဉ် စနေနေ့ည ၈ နာရီမှာ MNTV ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်ပါတယ်။ မိုရီဆာကီ ဝင်းရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်များနဲ့ အတူ Talk Show ၊ ရယ်စရာဟာသများ၊ သီချင်းများ၊ အကများနဲ့ Quiz Show လည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂျပန်မှာ ခရီး သွားနေတဲ့ ပျော်ရွှင်စရာ အစီအစဉ် တွေလည်း ပါဝင်တာကြောင့် ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မိုရီဆာကီဝင်းနဲ့အတူ Primax Boyband အဖွဲ့သား တွေနဲ့အတူ အရိုင်း၊ ရေဗက္ကာဝင်း တို့လည်း ပါဝင်မှာဖြစ်ပြီး မြန်မာနိုင် ငံကအနုပညာရှင်များကလည်း အထူး ပါဝင်ဖျော်ဖြေတင်ဆက်ပေး ကြဦးမှာပါ။ ဒီအစီအစဉ်နဲ့ ပတ် သက်ပြီး မိုရီဆာကီဝင်းက…

”Win’s Shooow Time ဆိုတာ က မြန်မာပြည်မှာ ပထမဦးဆုံး Variety Show ပါ။ ဟာသတွေရော၊ သီချင်းတွေရော၊ အကတွေရော အများကြီးပဲပါတဲ့ အစီအစဉ် တစ်ခုပါ။ ဦးအရိုင်းဆီက မြန်မာ စကားအသစ်တွေလည်း အများကြီး သင်ရပါတယ်။ အဲဒီအတွက် ကျွန်တော်မြန်မာစကား တဖြည်း ဖြည်းနဲ့ကျွမ်းလာပါတယ်။ ကျွန်တော့် အနေနဲ့လည်း ဒီအစီအစဉ်ကို ပြန်ကြည့်တဲ့အချိန်မှာ တအားရယ် နေရပါတယ်။ ပျော်စရာကောင်းတဲ့ အစီအစဉ်လေးပါ။ ဂျပန်ကလည်း ဗုဒ္ဓဘာသာနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့အ တွက် ဂျပန်က ဘယ်လိုမျိုး ဗုဒ္ဓဘာ သာလဲ၊ ဘုရားကို ဘယ်လိုရှိခိုးလဲ၊ ယဉ်ကျေးမှုတွေကကော ဘယ်လို ရှိလဲ၊ အဲဒါတွေ အများကြီးပါဝင်မှာ ဖြစ်ပါတယ်” လို့ပြောပါတယ်။ မိုရီဆာကီဝင်းနဲ့အတူ ဒီအစီအစဉ်ကို ရိုက်ကူးပုံဖော်ခဲ့တဲ့ အရိုင်းက…

”အဝင်းက ဂျပန်နိုင်ငံမှာ အနေ များတယ်ဆိုပေမယ့် သူ့ရဲ့ခံယူချက် လေးက မြန်မာနိုင်ငံသားအနေနဲ့ ဒါမျိုးလေးတွေလုပ်ရတာ ကျေနပ်ပါ တယ်ဆိုတဲ့အခါကျတော့ သူ့ကို ဂျပန် နိုင်ငံက တာဝန်ရှိသူတွေကလည်း ချီးကျူးတယ်။ ကျွန်တော့်အနေ နဲ့လည်း သူကမြန်မာပြည်ကို မမေ့ဘူး။ မြန်မာပြည်ကို တန်ဖိုး ထားတယ်ဆိုတော့ လူငယ်တစ် ယောက်ဖြစ်ပြီး ဒီလိုစိတ်မျိုးရှိတဲ့ အတွက် သူ့ကို ချီးကျူးပါတယ်” လို့ မိုရီဆာကီဝင်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို ပြောပါတယ်။ ဒီအစီအ စဉ်မိတ်ဆက်ပွဲကိုတော့ အောက်တို ဘာလ ၁၂ရက်နေ့ နေ့လယ် ၁ နာရီက ဆူးလေရှန်ဂရီလာဟိုတယ် မှာ ပြုလုပ်ခဲ့ပါတယ်။

 

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

Ads Space Available


Continue reading

ဘောလုံးပညာနှင့်ငွေကြေးစီမံခန့်ခွဲမှုဗဟုသုတများ မျှဝေမည့် “AYA Game Plan” အစီအစဉ် ဧပြီ ၂၅ ရက်တွင် စတင်မည်​​မြန်မာ့လက်ရွေးစင်နည်းပြများနှင့် ကစားသမားကိုယ်တိုင်ပါဝင်သင်ကြားပေးမည့် “AYA Game Plan” TikTok အစီအစဉ်ကို လာမည့် ဧပြီလ ၂၅ ရက်နေ့တွင် စတင်မိတ်ဆက်တော့မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နှင့် ဧရာဝတီဘဏ် (AYA Bank) တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်ပြီး ဘောလုံးဝါသနာရှင် လူငယ်များအတွက် ဘောလုံးကစားခြင်းဆိုင်ရာနည်းပညာများ၊​အားကစားစိတ်ဓါတ်နှင့် စည်းကမ်းပိုင်းဆိုင်ရာများ၊​မြန်မာ့လက်ရွေးစင် ကစားသမားများ၏ အတွေ့ အကြုံများကို AYA Bank TikTok Page မှတစ်ဆင့် တိုက်ရိုက်သင်ကြားပေးသွားမည်ဖြစ်သည်။ ယခုအစီအစဉ်တွင် ဘောလုံးပညာရပ်များသာမက လူငယ်များ သိထားသင့်သည့် အခြေခံငွေကြေးစီမံခန့်ခွဲမှု (Finan cial Literacy)ဗဟုသုတများကိုပါ "Foo tball Tricks and Financial Tips" အပိုင်းများအဖြစ်ထည့်သွင်းတင်ဆက်သွားမည်ဖြစ်သည်။ ​ဘောလုံးကစားသမားများနှင့် နည်းပြများက စိတ်ဓါတ်၊ စည်းကမ်းနှင့်...

ရန်ကုန်တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နိုင်ဟု မိုး/ဇလ သတိပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအနေဖြင့် လာမည့်ရက်များတွင် ပိုမိုပူပြင်းသည့် ရာသီဥတုအခြေ အနေနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်ဟု ယနေ့တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။ ​နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် နေ့အပူချိန်များ အနည်းငယ် ထပ်မံတိုးလာနိုင်ကြောင်းနှင့် ဧပြီလမှာ ပူပြင်းသည့်ကာလဖြစ်သည်နှင့်အညီ အပူဒဏ်အန္တရာယ်ကို ဒေသခံများအနေဖြင့် ဂရုပြုရန် လိုအပ်ကြောင်း သိရသည်။ ထို့ကြောင့် လာမည့်ရက်များတွင် အပူ ချိန်တိုးလာနိုင်သည့်အတွက် အပြင်ထွက်ပါက နေရောင်ခြည်ဒဏ်ကို ကာကွယ်ရန်နှင့် ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများ (မိုးတိမ်တောင်ဖြစ်စဉ်များ)ကို သတိပြုနေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။ ရန်ကုန်တိုင်းတွင် မိုးရွာသွန်းရန်...

ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်း ပစ်ခတ်ခံရ

ဧပြီလ ၂၂ ရက်နေ့က ဟော်မုဇ်ရေလက်ကြားတွင် ကွန်တိန်နာတင်သင်္ဘော သုံးစင်းထက်မနည်း ပ-စ်ခတ်ခံရကြောင်း ရေကြောင်းလုံခြုံရေးသတင်းရင်းမြစ်များနှင့် ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းများ(UKMTO) က ပြောကြားခဲ့သည်။ အမေရိကနှင့်အစ္စရေးတို့၏ ဗုံးကြဲတို-က်ခိုက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ရေလက်ကြားကို အသုံးပြုသည့် သင်္ဘောများအပေါ် အီရန်က ပထမဆုံးအကြိမ် ကန့်သတ်ချက်ချမှတ်ခဲ့သည်။ ထို့နောက် အီရန်ဆိပ်ကမ်းများကို အမေရိက၏ ပိတ်ဆို့မှုအပေါ် လက်တုန့်ပြန်ကာ ထပ်မံကန့်သတ်ခဲ့သည်။ လိုက်ဘေးရီးယားအလံလွှင့်ထူထားသော ကွန်တိန်နာသင်္ဘောတစ်စင်းသည် အိုမန်နိုင်ငံ အရှေ့မြောက်ဘက်တွင် ‌ေ-သနတ်ပ-စ်ခတ်မှုနှင့် ဗုံးပစ်လောင်ချာများဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ အီရန်တော်လှန်ရေးအစောင့်တပ် (အိုင်အာရ်ဂျီစီ) လက်နက်တပ်သင်္ဘောတစ်စင်း၏ ချဉ်းကပ်မှုခံရကြောင်း သင်္ဘောကပ္ပတိန်က သတင်းပို့ခဲ့ကြောင်း UKMTO က ပြောကြားခဲ့သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071