ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်းမှဖမ်းဆီးရမိခဲ့သည့် တရား မဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ် လည်မှု(ကျားဖြန့်)ဆောင်ရွက်သူ နိုင်ငံခြားသားများအား သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲ ပြောင်းပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များမှ ဖေဖော်ဝါရီ ၅ ရက်က မိုင်းရယ်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများဆောင်ရွက်နေသည့်နေရာအားဝင်ရောက်ရှင်းလင်းစဥ် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ရုပ်အလောင်း(၂)လောင်းနှင့်အတူ ကျားဖြန့်လုံခြုံရေး(၅)ဦး၊ လက်နက်မျိုးစုံ(၆)လက်၊ တ ရုတ်နိုင်ငံသားအမျိုးသား(၇)ဦး၊ အမျိုးသမီး(၁) ဦး၊ မြန်မာနိုင်ငံသားအမျိုးသား(၃)ဦး၊ အမျိုးသ မီး(၄)ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် နောင်ဟန်ကျေးရွာအနီး၌ အဆောက်အ ဦး(၇)လုံးနှင့် ကျားဖြန့်လုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုသည့် ဖုန်းမျိုးစုံ(၁၈၁)လုံး၊ Laptop မျိုးစုံ(၂၅)လုံး၊ Destop မျိုးစုံ(၂၁)လုံး၊ Keyboard မျိုးစုံ(၂၈)ခု၊ Wifi စက်(၂)လုံး၊ StarLink (၂)စုံ၊ လုပ်ငန်းသုံးလျှပ်စစ်ဆက်စပ်ပ စ္စည်းများ၊ သေနတ်(၁)လက်နှင့် ကျည်(၅)တောင့်တို့ကိုလည်းထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အတူ ဖေဖော်ဝါရီ ၆ ရက်တွင် နောင်ဟန်ကျေး ရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသားအမျိုးသား(၈)ဦး၊ အမျိုးသမီး(၁)ဦး၊ ဗီယမ်နမ်နိုင်ငံသားအမျိုးသ မီး(၁၈)ဦး၊ မြန်မာနိုင်ငံသားအမျိုးသား(၂)ဦး၊ အ မျိုးသမီး(၂၅ဦးတို့အား တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင်အသုံး ပြုသည့် ကွန်ပျူတာ(၇၂)လုံး၊ StarLink (၅)စုံ၊ ဖုန်းမျိုးစုံ(၇၉)လုံး၊ ငါးဂိမ်းစက်(၅)လုံး၊ ကား(၂) စီး၊ ဖေဖော်ဝါရီ ၇ ရက်တွင် နောင်ဟန်ကျေးရွာအနီးတစ်ဝိုက်၌ တရုတ်နိုင်ငံသားအမျိုးသား (၁၂)ဦး၊ Alphard ကား(၁)စီး၊ မီးစက်(၁)လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖေဖော်ဝါရီ ၅ ရက်မှ ၇ ရက်အတွင်း မိုင်းဟဒေသမှ တရုတ်နိုင်ငံသားအမျိုးသား(၂၇) ဦး၊ အမျိုးသမီး(၂)ဦး၊ ဗီယမ်နမ်နိုင်ငံသားအမျိုး သမီး(၁၈)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၂၉)ဦး(စုစုပေါင်း ၈၁ ဦး)တို့ကိုဖမ်း ဆီးရမိခဲ့ရာ စနစ်တကျစိစစ်လျက်ရှိပြီး ဥပဒေအ ရ တရားစွဲဆိုအရေးယူနိုင်ရန်နှင့် နိုင်ငံခြားသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု ၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
