မိုင်းရှူး၊ စက်တင်ဘာ ၈
ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ မနက်ပိုင်းက ဟိုဆိုင်ကျေးရွာ၊ ဆိုင်းလျှံနယ်မြေအတွင်း တောင်စောင်းမြေပြိုကျ၍ နေအိမ်(၂)လုံးပေါ်သို့ ပိမိပြီး ကျား(၃)ဦးနှင့် မ(၁)ဦး စုစုပေါင်း(၄)ဦး မြေပိနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲက အသိပေးထုတ်ပြန်ထားသည်။
လွိုင်ဆောင်ထောက်အရန်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်တွင် ကျား(၃)ဦး(ေ-သဆုံး)တို့အား ရှာဖွေတွေ့ရှိခဲ့ပြီး မိုင်းရှူးမြို့နယ်၊ လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
ကျန် အမျိုးသမီး(၁)ဦးအား ဆက်လက်၍ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
