ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်း)ထံမှ သိရသည်။
ထိုသို့ အသုံးပြုနိုင်ရန် ၂၂-ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့ရာမှ ယနေ့ မေ ၁၉ ရက်တွင် လျှပ်စစ်ဓာတ်အားစတင်ချိတ်ဆက်ပို့လွှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာများတွင်နေထိုင်သူများ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အ တန်းမြင့်မားလာစေရေး၊ ဒေသတွင်း အသေးစား၊ အ လတ်စား စက်မှုလက်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်စေရေးတို့အတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)ကဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။