Tuesday, May 19, 2026

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင်...

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်...

နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ နိုင်ငံတကာပြိုင် ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့် အပ်ခဲ့သည်။ ထိုသို့ ခန့်အပ်ပြီးနောက်...

မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင်...

လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီးနောက်မြန်မာအသင်းအတွက် ပြန်လည်ကိုယ်စားပြုကစားလိုကြောင်း မောင်မောင်လွင်က ဘောလုံးအဖွဲ့ချုပ်ထံ မေတ္တာရပ်ခံစာတင်ပြမှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ MFF ထုတ်ပြန်ချက်၌ မောင်မောင်လွင်ကို လက်ရွေးစင်အသင်းတွင် ဆက်လက်ကစားခွင့်ပြုခဲ့ပြီး စည်းကမ်း...

မလေးရှားက နော်ဝေထံမှ လျော်ကြေး ဒေါ်လာသန်း...

မလေးရှားတိုက်ခိုက်ရေးသင်္ဘောများအတွက် ရည်ရွယ်ထားသော ရေတပ်တိုက်ခိုက်ရေးဒုံးကျည်စနစ်အတွက် ပို့ကုန် သဘောတူ အတည်ပြုချက်များကို အော်စလိုက  ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးနောက် ရင်းဂစ် ၁ ဘီလျံ(ဒေါ်လာ ၂၅၁...
HomeNewsLocal Newsလိုင်စင်မရှိဘဲ Digital Bank...

လိုင်စင်မရှိဘဲ Digital Bank အပါအဝင် ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက အရေးယူမည်

ဗဟိုဘဏ်၏ ဘဏ်လုပ်ငန်းဆောင်ရွက်ရန်လိုင်စင်ထုတ်ပေးထားခြင်းမရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ပါက ပုဒ်မ ၁၇၁ အရအရေးယူမည်ဖြစ်ကြောင်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။

ဗဟိုဘဏ်သည် ပြည်ထောင်စုလွှတ်တော်ကပြဌာန်းခဲ့သည့် ဗဟိုဘဏ်ဥပဒေနှင့် ငွေရေးကြေးရေးအဖွဲ့အ စည်းများဥပဒေတို့ပါပြဋ္ဌာန်းချက်များနှင့်အညီဖွဲ့စည်းတည်ထောင်သည့် ဘဏ်နှင့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများအား ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း လုပ်ကိုင်ခွင့်လက်မှတ်များထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးပြီးနောက် ယင်း အဖွဲ့အစည်းများအား စည်းမျဉ်းစည်းကမ်းချမှတ်၍ ကြပ်မတ်ကွပ်ကွဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားသော ဘဏ်နှင့် ဘဏ်မဟုတ်သောငွေရေးကြေးရေးအဖွဲ့အစည်းများအမည်စာရင်းကို ဗဟိုဘဏ်၏ Website www.cbm.gov.mm တွင် ထုတ်ပြန်ကြေညာထားသည်။

ထို့အတူ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၅၈ တွင် မည်သူမျှလိုင်စင်မရှိဘဲ Digital Bank အပါအဝင် ဘဏ်နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများထူထောင်လုပ်ကိုင်ခြင်းမပြုရဟုတားမြစ်ထားသည်။

လူမှုကွန်ယက်စာမျက်နှာများပေါ်၌ ကြော်ငြာလျက်ရှိသော Digital Bank အပါအဝင်အဖွဲ့အစည်းများသည် ဗဟိုဘဏ်ကဘဏ်လုပ်ငန်းဆောင်ရွက်ရန် လိုင်စင်ထုတ်ပေးထားခြင်းမရှိ၍ မလိုလားအပ်သောဆုံးရှုံးနစ် နာမှုများမရှိစေရေးအတွက် ယင်းအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်လည်း ဗဟိုဘဏ်ကအသိပေးခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုင်းဖုန်း(က)ကျေးရွာအုပ်စုမှ ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာတွင် ၂၄ နာရီ လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေး ရွာအုပ်စု၊ ပိန်းညောင်(၁၊ ၂၊ ၃)ကျေးရွာများနှင့် နမ့်လွဲ (ရွာသစ်)ကျေးရွာ(၄)ရွာ၌နေထိုင်သူများ ၂၄ နာရီလုံး လျှပ်စစ်ဓာတ်အားအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြို့မီးလင်းရေးဦးဆောင်ကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့် ဖြူးရေးလုပ်ငန်း)ထံမှ သိရသည်။ ထိုသို့ အသုံးပြုနိုင်ရန် ၂၂-ကေဗွီ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့်ဆောင် ရွက်ခဲ့ရာမှ ယနေ့ မေ ၁၉ ရက်တွင် လျှပ်စစ်ဓာတ်အားစတင်ချိတ်ဆက်ပို့လွှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကျေးရွာများတွင်နေထိုင်သူများ လျှပ်စစ်ဓာတ်အားအသုံးပြုခြင်းဖြင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်အ တန်းမြင့်မားလာစေရေး၊ ဒေသတွင်း အသေးစား၊ အ...

နည်းပြချုပ်သစ်နှင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်စတင်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)မှ နိုင်ငံတကာပြိုင် ပွဲများအတွက်ပြင်ဆင်မှုအနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ နည်းပြချုပ်အဖြစ် ဂျပန်လူမျိုးနည်းပြ Mr. Mitsuo Katoh ကို (၂)နှစ်စာချုပ်ဖြင့်ခန့် အပ်ခဲ့သည်။ ထိုသို့ ခန့်အပ်ပြီးနောက် ယနေ့ မေ ၁၉ ရက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် နည်းပြချုပ်သစ်နှင့် ပထမဆုံးလေ့ကျင့်ရေးအစီအစဥ်ကို ပျော်ရွှင်စွာစတင်ခဲ့ကြသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အနီးကပ်ဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် AYA Bank Tri-Nations Cup (Women’s Friendly)ပြိုင်ပွဲအား ဇွန် ၃ ရက်ညနေ ၄ နာရီတွင် ဥဇဘတ်ကစ္စတန်အသင်း၊ ဇွန် ၉ ရက်ညနေ ၄...

မောင်မောင်လွင်ကို မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲများတွင် ကစားခွင့် MFF ပြန်ခွင့်ပြု

လက်ရွေးစင်ကစားသမားအဖြစ်မှ အနားယူပြီးနောက်မြန်မာအသင်းအတွက် ပြန်လည်ကိုယ်စားပြုကစားလိုကြောင်း မောင်မောင်လွင်က ဘောလုံးအဖွဲ့ချုပ်ထံ မေတ္တာရပ်ခံစာတင်ပြမှုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။ MFF ထုတ်ပြန်ချက်၌ မောင်မောင်လွင်ကို လက်ရွေးစင်အသင်းတွင် ဆက်လက်ကစားခွင့်ပြုခဲ့ပြီး စည်းကမ်း ထိန်းသိမ်းရေးကော်မတီ၏ ဆုံးဖြတ်ချက်အရ  (၆) လကြာ ကွင်းပိတ်ပြစ်ဒ-ဏ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁)ရက်တွင် ရုတ်သိမ်းပေးမည်ဟု ဆိုသည်။ မောင်မောင်လွင်သည် အသက်(၁၉)နှစ်အောက် အမျိုးသားလက်ရွေးစင်အသင်းမှစတင်၍ မြန်မာ့လက်ရွေးစင် အသင်းအတွက် နိုင်ငံတကာပြိုင်ပွဲများ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ကြိုးစားအားထုတ်ခဲ့ခြင်း၊ လက်ရွေးစင်အသင်းခေါ်ယူမှုများတွင် ပျက်ကွက်ခြင်းမရှိဘဲ ပြည်တွင်း/ပြည်ပ နိုင်ငံတ ကာပွဲပေါင်း (၇၆) ပွဲ စွမ်းစွမ်းတမံ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071