ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်၊ ယန်းကျန်ကျေးရွာအဝင်၌ အရှည်ပေ(၅၀)၊ အနံပေ(၂၀)ရှိသံကူကွန်ကရစ်တံတားအား ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်(မူလ)ရန်ပုံငွေဖြင့်တည်ဆောက်လျက်ရှိသည်။
အဆိုပါ ကျေးရွာအဝင်တံတားပြီးစီးပါက အနီးဝန်းကျင်ရှိကျေးရွာများအတွက် ဒေသထွက်ကုန်များကို အ ချိန်မီပို့ဆောင်နိုင်ခြင်း၊ ဒေသခံများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေးအဆင်ပြေချော မွေ့စွာ လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။
