Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeCelebrities' Newsမိဘကို ထိပ်ဆုံးမှာထားတယ် အကယ်ဒမီ...

မိဘကို ထိပ်ဆုံးမှာထားတယ် အကယ်ဒမီ စိုးပြည့်သဇင်

soepyae

မိမိတို့သားသမီးရင်သွေးငယ်များကို ကိုးလလွယ်ဆယ်လဖွားကာ လူ့လောကထဲဆီ ရောက်အောင်ပို့ဆောင်ပေးပြီး ကျွေးမွေးစောင့်ရှောက် ပြုစုပျိုး ထောင်ပေးတဲ့ မိခင်တို့ရဲ့ ကျေးဇူးတရားဟာအတိုင်းအဆမဲ့ ဂုဏ်ကျေးဇူးကြီးမြတ်လှပါတယ်။ ဒါ့အပြင် ဆိုဆုံးမလမ်းညွှန်ပြပြီး လူမှုကျင့်ဝတ်စံနှုန်းကောင်းများ ပြုကျင့်လို့ လူမှု ဘဝအောင်မြင်မှုများ ရယူပိုင်ဆိုင်နိုင်ဖို့ အမြဲတမ်း ပံ့ပိုးပေးတဲ့ မိခင်တို့ရဲ့ မေတ္တာတရားဟာ တုနှိုင်းမဲ့အရာပဲဖြစ်ပါတယ်။ မိခင်တို့ရဲ့ ရင် ခွင်ရိပ်မြုံ ဟာ ငြိမ်းချမ်းအေးမြစေသလို အမြဲတမ်းသားသမီးတိုင်းအပေါ် စုန်ရေအဖြစ်သာ ထာဝစဉ်မေတ္တာရေအလျဉ်စီးဆင်းစေသူများပဲ ဖြစ်ပါတယ်။ အခုတစ်ပတ်ထုတ် ပေါ်ပြူလာဂျာနယ်မှာ မိခင်နဲ့ သားသမီးတို့အကြားက မေတ္တာဂုဏ်အင်အကြောင်း ဖော်ကျူးဖွင့်ဆိုမှု ကျေးဇူးတရားနဲ့ မေတ္တာတရားတို့ ကြီးမြတ်လှပုံကို မေလ ၁၄ ရက်နေ့ အမေများနေ့အထူးအစီအစဉ်အဖြစ် အကယ်ဒမီစိုးပြည့်သဇင်နဲ့ မိခင် ဒေါ်မာလာခင်တို့ရဲ့ ၅၂၈ မေတ္တာရိပ်ပုံဖော်ရိုက်ကူးတင်ဆက်ခဲ့ခြင်းဖြစ်ပြီး အကယ်ဒမီ စိုးပြည့်သဇင်ရဲ့မိခင်မေတ္တာ၊ မိခင် ကျေးဇူးတရားများနဲ့ မိခင်ဆီက စံထားစရာ သင်ယူခဲ့သမျှအကြောင်းကို မေးမြန်းကာတင်ဆက်လိုက်ရပါတယ်။

မိဘမေတ္တာဆိုတာ
ဘယ်အရာနဲ့မှ တုနှိုင်းမရအောင် ကြီးမားပါတယ်

တအားကိုကြီးမားပါတယ်။ ဒီလောကမှာ မြတ်စွာဘုရားနဲ့တောင် တစ်ဂိုဏ်းတည်းထားပြီးတော့ ကိုးကွယ်ကြတယ်။ မိခင်တွေဆိုတာ ကိုယ့်သားသမီးကို လူ့ လောကထဲ ရောက်အောင် ခေါ်လာပေးခဲ့တယ်။ မမွေးခင် ကိုးလလွယ်၊ ဆယ်လဖွားဖို့ အချိန်ကတည်းက သူတို့ကြိုက်တဲ့ အစားအစာတွေကို ရှောင်ကြဉ်ခဲ့ရတယ်။ သားသမီးအတွက်ကိုပဲ အမြဲတမ်း ဦးစားပေးခဲ့ရတယ်။ မွေးဖွားလာပြန်တော့လည်း ကိုယ့်ရဲ့သားသမီး ရက်သား၊ လသား အရွယ်ကတည်းက စိုးပြည့်တို့ အရွယ်ရောက်တဲ့ အထိပေါ့နော်။ စိုးပြည့် မိဘတွေဆိုရင် အခုချိန်ထိ စိုးပြည့်ကို ကလေးလေးလိုပဲမြင်တယ်။ အစစအရာရာ စိတ်မချဖြစ်ပြီးတော့ အကုန်လိုက်လုပ်ပေးနေတယ်။ သား သမီးတွေ ဆိုးသမျှသည်းခံပြီး၊ သားသမီးဆိုးတွေ ရှိ လာခဲ့ရင်လည်း သားသမီးတွေ လိမ်မာရေးခြားရှိလာ အောင်၊ သားသမီးတွေ ဘဝရှေ့ရေးကောင်းမွန်ဖို့ အတွက် အမြဲစဉ်းစားပြီး စောင့်ရှောက်ပေးတယ်။ မိခင် မေတ္တာဆိုတာ ဘယ်အရာနဲ့မှ နှိုင်းလို့ကို မရအောင် ကြီးမားပါတယ်။

soepyae2

မိခင်ဆီက သင်ယူခဲ့တဲ့ စံထားစရာများ

မေမေ့စရိုက်က အေးတယ်။ သားသမီးကိုလည်း မိခင်သဖွယ်၊ သူငယ်ချင်းသဖွယ် ပေါင်း သင်း ဆက်ဆံတယ်။ ဘုရားတရားလည်း တအား လုပ်တယ်။ စိတ်ကောင်းလည်းရှိတယ်။ အဲဒါ လေးကို လေးစားရပါတယ်။ သူများကို အပြစ်မမြင်တတ်၊ မငြူစူတတ်ဘူး။ အဲဒါတွေကို စိုးပြည့်အတုယူရတယ်။ သင်ယူရ တယ်။ ပြီးတော့ မေမေက အနေအေးသလို စည်းကမ်းလည်းရှိတယ်။ ဘာပဲလုပ်လုပ် စည်းစနစ်နဲ့ သေချာလုပ်တယ်။ အိမ်မှုကိစ္စလည်း နိုင်နင်းတယ်။ အိမ်က ပစ္စည်းပစ္စယျတွေကို လည်း နေရာတကျ စည်းကမ်းတကျထားတာကိုပဲ ကြိုက်တယ်။ ဖြစ်သလိုထား၊ ဖြစ်သလို လုပ်တာမျိုး မကြိုက်ဘူး။ အဲဒါလေးတွေကို လည်း အတုယူပြီး သင်ယူရတယ်။ နောက်ဆုံး မေမေဆရာကြီးကျတာတစ်ခုက ဟင်းချက်တအားတော်တယ်။ မေမေက ဟင်းချက်ကောင်း တော့ အိမ်မှာဆိုရင် မေမေ့လက်ရာကို အကုန်လုံးက ကြိုက်ကြတယ်။ အဖေလည်း ကြိုက်တယ်။ စိုးပြည့်လည်း ကြိုက်တယ်။ မေမေ့ရဲ့ ဟင်းချက်လက်ရာကိုလည်း သင်ယူဖြစ်တယ်။

အမေများနေ့မှာ
ချစ်မေမေနဲ့ အမှတ်တရ

စိုးပြည့်ဒီလိုနေ့မျိုးတွေမှ လိုက်လုပ်ဖြစ်တာမျိုးမရှိဘူး။ စိုးပြည့်အမေ ဘာကြိုက်တတ်လဲ။ အမေကြိုက်တတ်တာ စိုးပြည့် အမြဲဝယ်ပေး တယ်။ အမေ့ကို စိတ်ချမ်းသာ အောင်ထားတယ်။ ဒီလိုမျိုး အမေများနေ့အတွက်ကျမှ သတ် သတ်မှတ်မှတ် ဘာဝယ်ပေး၊ ဘာလုပ် ပေးတယ် ဆိုတာမျိုးတော့ မရှိပါဘူး။ စိုးပြည့် အတွက်က တော့ အမေရှိနေသရွေ့ စိုးပြည့် အသက်ကြီးတဲ့အထိ နေ့တိုင်းက အမေများနေ့ပါပဲ။

soepyae3

မိဘကျေးဇူးပြန်ဆပ်ခြင်းက မင်္ဂလာတစ်ပါးပါ

အမေများနေ့ဆိုပြီး သတ်မှတ်ပေါ်ပေါက် လာတာက အင်မတန်ကောင်းပါတယ်။ မိဘဆိုတာ တကယ်ကို ကျေးဇူးကြီးမားပါတယ်။ တအားကို ကျေးဇူးကြီးမားတဲ့ မိဘတွေကို ကျေးဇူး မဆပ်နိုင်ရင် နေပါ။ ကျေးဇူးမစွပ်ဖို့က ပိုပြီးအရေးကြီးပါတယ်။ စိုးပြည့်ဆိုရင် တအားကံကောင်းတယ်။ ဘာလို့လဲ ဆိုတော့ စိုးပြည့် အသက် ၁၃ နှစ်ကတည်းက အလုပ် အကျွေးခွင့်ရခဲ့တယ်။ အဲဒါကိုပဲ စိုးပြည့်အတွက် ဘဝမှာ ကံအကောင်းဆုံးအရာလို့ စိုးပြည့် သတ်မှတ်ထားတယ်။ အခြေအနေအကြောင်းတရားကြောင့် ကျေးဇူးမဆပ် နိုင်တဲ့သူတွေလည်းရှိပါတယ်။ အမျိုးမျိုးကြောင့်ပေါ့နော်။ အဲဒီလိုဆိုတော့ မိဘကို ကျေးဇူးဆပ်တယ်ဆိုတာ တကယ်ကို မင်္ဂလာတစ်ပါးပါ။ အသက်ရှင်ဆဲ အချိန် မှာပဲ သူတို့စကားတွေကို နားထောင်ရမယ်။ ကောင်းစေချင်လို့ ညွှန်ပြတာ လက်ခံရမယ်။ နောက်ပြီးတချို့မှာ ရှိတာက ကိုယ်ရှာဖွေ လုပ်ကျွေးရတယ်ဆိုပြီး မာန်လေးတွေ ရှိတတ်ကြတယ်။ အခုခေတ် လူငယ်လေးတွေကို ပြောချင်တာ။ ကိုယ့်ညီမလေးတွေ ကိုပြောချင်တာက ကိုယ်ဖြစ် ချင်တဲ့ ဆန္ဒတွေ မဖြစ်တိုင်းလည်း မိဘကို အပြစ်မမြင်ပါနဲ့။ စိတ်ထဲမှာလည်း စိတ်မခုပါနဲ့။ ဘာလို့လဲဆိုတော့ မိဘက ကိုယ့်ထက်သာရင် အများကြီးအတွေ့အကြုံလည်းရှိပါတယ်။ ကျေးဇူးတရားကို သိတတ်ပါ။ မိဘကို ကျေးဇူးမသိတတ် တဲ့သူလေးတွေကိုလည်း တွေ့ဖူးတယ်ရှင့်။ ဒါပေမဲ့ အဲဒီလူတွေ ဘဝ မှာ အဆင်မပြေဘူးဆိုတာလည်း မြင်ရတယ်။ သူတို့ မွေး ဖွားလာတဲ့ သားသမီးကအစ သူတို့စကား နားမထောင်တာတို့၊ သြဇာမညောင်းတာတို့ရှိတယ်။ ပြောချင်တာကတော့ စိုးပြည့် တို့တွေ မိဘတွေကို စိတ်ချမ်းသာအောင် ထားရမယ်။ စိုးပြည့် ကတော့ စိုးပြည့်ထိပ်ဆုံးမှာထားတာ မိဘပါပဲ။ သူတို့စိတ် ဆင်းရဲစေမယ့် အပြုအမူ၊ သူတို့ အရှက်ရစေမယ့် အပြုအမူ၊ ကိစ္စမျိုးတွေ ဘယ်တော့မှ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ စိုးပြည့်အဲဒီအတွက် အာမလည်းခံတယ်။ ဒါကလည်း မိဘကို ကျေးဇူးဆပ်ရာတစ်မျိုးပါ။ စိုးပြည့်ခုချိန်ထိလည်း မိဘတွေ စိတ်ဆင်းရဲအောင် အရှက်ရအောင် ဘာတစ်ခုမှ မလုပ်ခဲ့ ဖူးပါဘူး။

ဇင်မာနွယ် ၊ ဓာတ်ပုံ – မင်းမင်းထွန်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071