ဇွန် ၂၄
ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်သည် တရုတ်နိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၂၅ ရက် နေ့မှ ၂၇ ရက် နေ့အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ သွာရောက်မည်ဖြစ်သည်။
တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အထက်လွှတ်တော်ဥက္ကဋ္ဌကမ္ဘောဒီးယားပြည်သူ့ပါတီဥက္ကဋ္ဌသည် သမ္မတ ရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် လီကျွင်း နှင့် နိုင်ငံတော်ပြည်သူ့ကွန်ဂရက်လွှတ်တော် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက် လဲ့ကျီ တို့နှင့် တွေ့ဆုံမည်ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် အဓိပတိကောင်စီအဖွဲ့ဝင် မစ္စတာ တီဘန်၊ ဝါရင့်အမတ်များ နှင့် အစိုးရအရာရှိများ ပါဝင်သည်။
ခရီးစဉ်အတွင်း မစ္စတာ ဟွန်ဆန်သည် တရုတ်နိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိသော ဘုရင် နိုရိုဒွန် သီဟာမုနိ နှင့် မိဖုရား နိုရိုဒွန် မုနိနတ် သီဟာနု တို့ကို ဂါရဝပြုမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်သည် နှစ်နိုင်ငံအကြား ခိုင်မာသော ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည်။
Ref: ခမာတိုင်းမ်စ်
