Wednesday, May 27, 2026

“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို...

လူမျိုးအခြေပြုဖက်ဒရယ်မဟုတ်ဘဲ နယ်မြေဒေသအခြေပြု ဖက်ဒရယ်ဖြစ်ရမည်” ဟုဆို“ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ရအောင်တည်ဆောက်မည်” ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မေ ၂၆...

“KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်မည်”

ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေး နိုင်ငံတော်စီစဉ်ဆောင်ရွက်မည်ဟု သမ္မတပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ကြားနိုင်ရေးအတွက် နိုင်ငံတော်အနေဖြင့် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မေ ၂၆ ရက်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော်...

လာမည့်(၅)နှစ်တာအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်းဆောင်ရွက်သွားမည်ဟု နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၂၆ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန်...

ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုပြီး အင်အားအနည်းငယ်ရှိငလျင်လှုပ်ခတ်

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ ယနေ့ မေ ၂၆ ရက်ညပိုင်းက အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ ကွမ်ခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက်(၃၆)မိုင်ခန့်အကွာ၊ အနက်(၁၁)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ...
HomeArticlesမာလာရီ (သို့)ပြည်သူချစ်သော ရုပ်ရှင်မင်းသမီးကြီး...

မာလာရီ (သို့)ပြည်သူချစ်သော ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေး၏ ဘဝနှင့် အနုပညာ

KKHမြဝတီရုပ်သံမှ ၁၆-၅- ၂ဝ၁၇ နေ့က “ရတနာပုံ” ရုပ်ရှင်ဇာတ်ကား ထုတ် လွှင့်ပြသည့်အခါ ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည်ဌေး၏ဘဝနှင့်အနုပညာကို စာရေးသူ အနေဖြင့် စိတ်ဝင်စားမိခဲ့သည်။ စိတ် ဝင်စားမိသည့် အလျောက် လေ့လာ ဖတ်ရှုမိရာ စာရေးဆရာမကြီး ဂျာ နယ်ကျော်မမလေး ရေးသားဖွဲ့နွဲ့ သော မာလာရီစာအုပ်ကို ရှာဖွေဖတ် ရှုမိပါသည်။ ထိုအခါ ရုပ်ရှင်မင်း သမီးကြီး ကြည်ကြည်ဌေး၏ ဘဝခက် ထန် ကြမ်းတမ်းမှု၊ အိမ်ထောင်ရေး ကံမကောင်းမှုတို့ကို ဖတ်ရှုခံစား စာနာမိခဲ့ပြီး ဘဝလောကဓံ မည်မျှ ပင် ကြမ်းတမ်း စေကာမူ အနုပညာ တိုက်ပွဲကို ကြံ့ကြံ့ခံအောင်လံလွှင့်ထူ နိုင်ခဲ့သော ရှာမှရှားသည့် အနုပညာ ရှင်တစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။ ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည်ဌေး ကို ၁၉၂၄ ခုနှစ်တွင် အဖ ဦးဘိုးရင် နှင့် အမိဒေါ်အုန်းကြွေတို့က မွေးဖွား သည်။ အငယ်ဆုံးသမီးဖြစ်ပြီး ငယ်နာမည် မမြကြင်ဖြစ်လေသည်။ ရုပ်ရှင်မင်းသမီး နွဲ့နွဲ့မူ၏မိခင် ရုပ်ရှင်မင်းသမီး ဒေါ်သိန်းရှင်နှင့် ညီအစ်မ အရင်းဖြစ်သည်။ လက်ပံ တန်းနယ် တောင်သူမျိုးရိုး ဇာတိဖွား ဟုလည်း သိရသည်။

ငယ်စဉ်စာသင်ကြားစဉ် လက်ဦးဆရာမှာ သုပဏ္ဍကဂဠုန်ရာ ဇာဘွဲ့ခံ ဂဠုန် ဆရာစံ၏ တပည့် လည်း ဖြစ်ခဲ့ပေသည်။ အဒေါ်ဖြစ် သူမှာ ဇာတ်မင်းသမီးကြီး ဒေါ်စိန်ယုံ ဖြစ်ရကား ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးသည် ၅ နှစ်သမီး ဘဝကပင် ဆိုတတ်၊ကတတ် ခဲ့လေ သည်။ ပြည်မြို့ပန်းတောင်း၊ ငါးမျက် နှာဘုရားပွဲသည် ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေး ၅ နှစ်အရွယ် ဇာတ် မင်းသမီး အစ ဟု ပြောနိုင်ပါသည်။

တောက်မည့် မီးခဲတရဲရဲ ဆိုသလို ငယ်စဉ်ကပင် အနုပညာဗီဇ ပါရမီရှိခဲ့သူဟုလည်း ဆိုနိုင်ပြီး ဇာတ် မင်းသမီးလေး “အောင်မြကျင်” ဟု လည်း ပြည်မြို့နယ် တစ်ခွင် နာမည် ဂုဏ်သတင်းကြီးနေပြန်သည်။ ပခုက္ကူနယ်၊ လက်ပန်ခြေပေါ်လာက စဉ် ဇာတ်မင်းသား ကြီးရွှေနှင့် အောက်ချင်း ဖို၊ အောက်ချင်းမ တွဲကပြရာမှ အောက်ချင်းမအမည် ထင်ရှားပျံ့နှံ့လာခဲ့ပေသည်။

မိခင်ကိုယ်တိုင်အောက်ချင်းမ ၏ အနုပညာ အစွမ်းကို သိမြင်လာ သည့်အခါ အောင်ဝိဇ္ဇာ ဇာတ်မင်းသား လေးနှင့် တွဲကပြစေသည်။ ထို့နောက် အသက် ၁၅ နှစ်အရွယ် အောင်ဝိဇ္ဇာ မင်းသားလေးနှင့် အကြောင်းပါပြီး သမီးဖြစ်သူ လှလှဝင်းကို မွေးဖွားခဲ့ ပေသည်။

ဂျပန်ခေတ်၌မူ ဒေါ်ကြည် အောင် တည်ထောင်သော ကျော် အုန်းလှိုင်ဇာတ်တွင် ခေါင်းဆောင် မင်းသမီးဖြစ်လာခဲ့သည်။ မင်းသား ကျော် အုန်းလှိုင်နှင့်ခေတ် သစ်ပြ ဇာတ်ကပြရာ ပြဇာတ်နာမည်ထဲမှာ မာလာရီ အမည် တွင်သွားပြန်လေ သည်။ ထိုမာလာရီအမည်နှင့်ပင် စာရေးဆရာမကြီး ဂျာနယ်ကျော် မမလေးက ရုပ်ရှင်မင်းသမီးကြီးကြည်ကြည်ဌေး၏ အကြောင်းစာနာ နားလည်စွာ စာရေးသား ခဲ့ပေသည်။

စစ်ကိုင်းမြို့တွင် ပြဇာတ်ကပြ နေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်တို့ ကျဆုံးသွားခဲ့သည်။ ရန်ကုန် ပြန်ရောက်၍ စလင်းကွင်း တွင် ပြဇာတ်ကပြစဉ် စလင်းကွင်းရုံ ပိုင်ရှင် ဗိုလ်အောင်သိန်းနှင့် အ ကြောင်းပါခဲ့လေသည်။

ဇာတ်မင်းသား အောင်ဝိဇ္ဇာနှင့် ချစ်ကျွမ်းဝင် အိမ်ထောင် ကျခဲ့သော် လည်း ဘဝကံကြမ္မာကြောင့် ကွဲခဲ့ရ ပြီး အကြောင်း ကြောင်းကြောင့် ဗိုလ် အောင်သိန်းနှင့် အိမ်ထောင်ကျခဲ့ရ ပေသည်။ အိမ်ထောင်ရေး ကံမ ကောင်းသော်လည်း ရုပ်ရှင်မင်းသမီး ကြီး ဒေါ်ကြည်ကြည်ဌေး သည် အနု ပညာလမ်းခရီးကို အရှုံးမပေးဘဲ အဆို၊ အပြော၊ အငို၊ သရုပ်ဆောင်ပိုင် နိုင်မှုဖြင့် အကယ်ဒမီ များအပြင် နိုင်ငံတော်မှ ချီးမြှင့်သော ဝဏ္ဏ ကျော်ထင်ဘွဲ့ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သည်။

ပထမဆုံး “ချစ်သက်ဝေ” ဇာတ် ကားအား အေဝမ်း ဦးတင်မောင်နှင့် ရိုက်ကူးရာ အကယ်ဒမီဆု ဆွတ် ခူးရရှိခဲ့သည်။ ၄င်းနောက် “ချစ်ခွင့် မပိုင်” ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့ပြန်သည်။ ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေးအား အကယ်ဒမီဆု မပေးအပ်ခင် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်း ဦးသန့် (ထိုစဉ် က ဦးသန့်သည် အကယ်ဒမီဆု ရွေး ချယ်အကဲဖြတ် လူကြီးတစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။)မှ “ချစ်ခွင့်မပိုင်” ဇာတ်ကားနှင့် ကြည်ကြည်ဌေးကို အကယ်ဒမီဆု မပေးအပ်ခင် ပြောစရာ ရှိပါသည်ဆိုပြီး ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည်ဌေး အား “ချစ်ခွင့်မပိုင် ဇာတ်ကား အတွက်သာ မဟုတ်ပါဘူး။ ရတနာပုံ အကျော် အမော် ဇာတ်ကားတွေ မှာလည်း အကယ်ဒမီ ရထိုက်တဲ့ အနုပညာရှင် ပါပဲ။ နှစ်စဉ် ဆက်တိုက် အကယ်ဒမီ မပေးရမှုကြောင့်သာ မပေးအပ်ခဲ့တာ ပါ” ဟုရုပ်ရှင် မင်းသမီးကြီး ကြည် ကြည်ဌေး၏ အနုပညာ စွမ်းအားကို ချီးကျူးပြောဆိုခဲ့ပေသည်။

ရုပ်ရှင်လက်ဦးဆရာ သည် အေဝမ်း ဦးတင်မောင်ဖြစ်သလို ပြဇာတ်ဆရာမှာ ဒါရိုက်တာ စာရေး ဦးသုခဖြစ်သည်။ ဂျပန်ခေတ်ကာလ ရုပ်ရှင် ပညာသည်များ ပြဇာတ်ကပြ ကြရာ ရုပ်ရှင်မင်းသမီးကြီး ကြည် ကြည်ဌေးသည် ပြဇာတ် ကပြရန် လျှောက်ထား စဉ် ပြဇာတ် မင်းသမီး ရွေးချယ်ရေး အဖွဲ့က ဇာတ်မင်းသမီး ဖြစ်သောကြောင့် ၄င်းအား မရွေး ချယ်ချင် ကြပေ။ သို့သော်စာရေးဆရာ ဦးသုခက ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေး၏ အနုပညာ ဗီဇ နှင့် အရည်အသွေးကို သိမြင်ပြီး ရဲရဲ ကြီး ရွေးချယ်ပေးခဲ့ သည်။ ပြဇာတ် က ပြရာတွင်လည်း ကျရာ ဇာတ်ရုပ်နေ ရာမှ ပိုင်နိုင်စွာ ကပြနိုင်ခဲ့လေသည်။ ဇာတ်ဟန်မပါ အနုပညာ ရသမြောက် စွာ ကပြခဲ့ရာ ဆရာဦးသုခ ကိုယ်တိုင် မာလာရီမှ ကြည်ကြည်ဌေး အမည် ပြောင်းပေးခဲ့သည်။ ထိုစဉ်မှစကာ ကြည်ကြည်ဌေး အမည်သည် သေသည့် တိုင် ထင်ပေါ်ကျော်ဇောခဲ့ ပါလေတော့သည်။

“စံပြမယား” ပြဇာတ်ကပြရာဝယ် ကာယဗလ ဦးရှိန်လာရောက်ကြည့် ရှုလေသည်။ ရုပ်ရှင်မင်းသမီးကြီး ကြည်ကြည်ဌေး၏ အလွမ်းရေ ယဉ် ကြောမျောပါကာ ဆေးပြင်းလိပ်ပြုတ် ကျကာ ပုဆိုးမီးလောင်ပေါက်ခဲ့ရ၏။ ပြဇာတ် ဒါရိုက်တာ ဆရာဗိုလ်ကလေး တင့်အောင်က “ဇာတ်ကိုကွဲတာ သေတာ၊ ဇာတ်သိမ်းရင် ပရိသတ်က လက်မခံဘူး။ မကြိုက်ကြဘူး။ ကြည် ကြည်ဌေးကျတော့ လက်ခံတယ်။ ကြိုက်ကြတယ် ဗျာ”

“ချစ်သက်ဝေ” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးစဉ် မင်းသမီးကြေး ၈ဝဝ ဖြစ်သော်လည်း ကုမ္ပဏီမှ သဘော ကျ နှစ်သက်ကာ ၁ဝဝဝ ထိ တိုးပေး ခံရပြီး”ချက်သက်ဝေ” ဇာတ်ကာအပြီး နောက်ဇာတ်ကားများအတွက် ၂၅ဝဝ အထိ တိုးမြှင့်ပေးခဲ့ခံရပြန် သည်။ မင်းသမီး ကြီးကြည်ကြည်ဌေး သည် မေဒေးပွဲ၊ ပြည်ထောင်စုပွဲ၊ ရုပ်ရှင်ကောင်စီပွဲ၊ ဂီတကောင်စီပွဲ စသည့်ပဒေသာက ပွဲများကိုလည်း အခကြေးငွေ ပဓာနမထားဘဲ အနု ပညာရှင် ပီသစွာ ကျရာဇာတ်ရုပ်မှ ပြည်သူကို ကပြဖျော်ဖြေခဲ့ပေသည်။ ၁၉၈ဝ ခုနှစ် တွင် လောက ကိုနား လည် သော သမီးကို လွန်စွာ ချစ်သော မင်းသမီးကြီး ကြည်ကြည်ဌေး၏ မိခင်ကြီးကွယ်လွန်လေသည်။ ထိုအခါ လူကြမ်းစိတ်ကြမ်း ဗိုလ် အောင်သိန်းသည်လည်း သတိသံဝေ ဂများရရှိကာ မင်းသမီးကြီး ကြည် ကြည်ဌေးအား ယုယကြင်နာမှုပေး လေသည်။

ရုပ်ရှင်မင်းသမီးကြီး ကြည် ကြည်ဌေးသည် ခေါင်းဆောင် ရုပ်ရှင် မင်းသမီးအဖြစ် “သတ္တိသွေး”နှင့် “တေးလုလင်”ဇာတ်ကားကို နောက် ဆုံးရိုက်ကူးပြီး နောက်ပိုင်း ဇာတ်ကား များတွင် အမေခန်း အဖြစ်မှ ပါဝင် သရုပ်ဆောင်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ် တွင် “နုနုငယ်ငယ်”ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု၊၁၉၇၈ ခုနှစ်တွင် “လူဇော်”ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု၊၁၉၅၂ ခုနှစ်တွင် “ချစ်သက်ဝေ”ဇာတ်ကား ဖြင့် ပညာသည်ဆု၊ ၁၉၅၆ ခုနှစ်တွင် “ချစ်ခွင့်မပိုင်” ဇာတ်ကားဖြင့် ပညာ သည်ဆု စသည်ဖြင့် အကယ် ဒမီဆု ၄ဆုရရှိခဲ့သည်။ ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည် ဌေးသည် သရုပ်ဆောင် သာမက အဆိုပညာရှင် လည်းဖြစ်ခဲ့ သည်။ သူ၏ လေးနာရီ၊ ဗေဒါလမ်း၊ သက်ဆိုင်သူသို့၊ ပျိုလေး တို့ကောက် စိုက်ရာ၊ ချစ်ဆိပ်ရည်၊ ခြိမ်း၍မရွာ သော မိုးစသည့်သီချင်း များသည် ယနေ့ထိတိုင် မရိုးနိုင်အောင် ထင် ပေါ်ကျော်ကြား လျက်ရှိသည်။ ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည်ဌေးသည် ကုမ္ပဏီပေါင်း များစွာနှင့် ရုပ်ရှင် ဇာတ်ကားပေါင်း ၃ဝဝကျော်ရိုက် ကူးခဲ့သည်။

ဝဏ္ဏကျော်ထင်ဘွဲ့ရ အကယ် ဒမီ ၄ဆုရှင် ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည်ဌေးသည် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားတွင် ဂီတ အကြံ ပေး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝဝဝပြည့်နှစ်၊ မတ်လ ၄ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန် လေသည်။   သားသမီး ၂ဦး၊ မြေး၃ဦး ကျန် ရစ်လေသည်။ မင်းသမီးကြီး ကြည် ကြည်ဌေးကို ဆရာရင်း အေဝမ်း ဦးတင်မောင်က ပေးချင်သည့် အခန်းပေးသော် လည်း သာသည်နာ သည်မတွက်ဘဲ ကျရာနေရာက သဘာဝ ကျအောင် လုပ်ဆောင် တတ်သူဖြစ်သည်။ အလုပ်လုပ်ရာ တွင် မညီးမညူဘဲ လုပ်ကိုင်ဆောင် ရွက်တတ်ခြင်း များမှာ အလွန်ချစ် မြတ်နိုးစရာ ကောင်းသူတစ်ဦးဖြစ်ပြီး ဘာသာတရား ကိုင်းရှိုင်းပြီး မိဘ ဆရာ သမားများကို ရိုကျိုးရာတွင် သူမတူသူတစ်ယောက်ဟု ပြောဆို ခဲ့ပါသည်။ စာရေးဆရာကြီး သိန်းဖေ မြင့်ကလည်း လမင်းသာချိန် ၊ နေ ကွယ်ချိန် တေးသရုပ်ဖော် ပြဇာတ် ကြည့်ရှုရာမှ ကြည်ကြည်ဌေးဟာ နောက်ခံတေးကို လုံးဝမဆိုဘူး။ သရုပ်ဆောင်မှုအပေါ် အာရုံစိုက် လိုက်တယ်။ အစွမ်းကုန် ကြဲလိုက် တယ်။ ကြည်ကြည်ဌေး ရဲ့ လှုပ်ရှားမှု တိုင်းဟာ အနုပညာပြောင်မြောက် လွန်းတယ်။ သားလုပ်သူက တွန်း ဖယ်လိုက်လို့လဲကျသွားတာလေး ကိုက ကြည်ကြည်ဌေး ဘာ ကြောင့် သည် လောက်ကြီးမြင့်တဲ့ အနုပညာ သည် ဖြစ်နေတာကို သက် သေထူ လိုက်တာပါပဲ”ဟု  မှတ်ချက် ဂုဏ်ပြုစကား ဆိုခဲ့၏။

စာရေးဆရာ ဒါရိုက်တာ ဦးသုခ ကလည်း “ဆရာသမားတို့ကို ရိုသေ နှိမ့်ချဂါရဝထားတဲ့ ပဓာယန ကုသလ အကျိုးပေးဟာ ပညာသည် တိုင်း လူသာသေမည် နာမည်မသေနိုင် သော အကျိုးကို ရစမြဲဖြစ်ပါသည်။ ကြည်ကြည်ဌေးဟာ ဆရာသမားကို နှိမ့်ချတဲ့ ရိုသေလေးစား တဲ့ ရှားပါး ပညာသည်တစ်ဦးပါပဲ” ဟု ဆိုခဲ့လေ သည်။ ရုပ်ရှင် မင်းသမီးကြီး ကြည်ကြည် ဌေးသည် ရုပ်ပျက် ဆင်းပျက် အခန်း မျိုး ရိုက်ကူးရခြင်းကို သဘောကျ သည်။ ထိုခေတ်အချိန်က ထိုဇာတ်ရုပ် မျိုးကို မည်သူမှလက်မခံ၊ မရိုက်ကူး ခဲ့ကြပေ။ မင်းသမီးကြီး ကြည်ကြည် ဌေးသည် ရက်စက်သော အခန်း လုပ်ရမည်ဆိုလျှင် လူတကာ ဆဲချင် အောင်၊ လွမ်းရမည် ဆိုလျှင် ကြည့်သူ တိုင်းမျက်ရည်ကျ အောင်၊ ရယ် စရာလုပ်လျှင်လည်း ပါးစပ်ပိတ်မ နေရအောင် လုပ်နိုင်စွမ်းရှိသူ အနု ပညာ မှော်ရှိသူဟု ဆိုရပေမည်။ ဒါရိုက်တာအောင်မြင့်မြတ် ကလည်း “မြန်မာ့ရုပ်ရှင်ပြဇာတ် ခေတ် ဦးမှ သည် ယနေ့ထိ နှစ်ပေါင်း ၅ဝ ကျော်တိုင်အောင် တစ်ခေတ်မှာ တစ်ယောက် ထွန်းတောက်သည်ဟု ဆိုရမည်ဖြစ်သော အနုပညာရှင်ကို ပြပါဆိုလျှင် အမေ့ကိုပြရပေမည်။ ကျွန်တော် အလေးစားဆုံး၊ အကြိုက် ဆုံး ရုပ်ရှင်ပညာသည် ဟုဆိုလျှင် အမေ့ကိုပင် ညွှန်ပြရပေမည်” ဟု ဆိုညွှန်းပြောခဲ့ပြန်ရာ အကယ်ဒမီ၎ ဆုရှင် ရုပ်ရှင် မင်းသမီးကြီး ကြည် ကြည်ဌေး ၏ အနုပညာနှင့် ဘဝ အကြောင်းတို့ကို ထူးခြားဆန်း ကြယ်မှု စုံလင်မှော်ရုပ်သွင်ဆင် ယင် ထားကြောင်း မီးမောင်းထိုးပြ လိုက် ရပါတော့သည်။

နေဦးမောင် (ပခုက္ကူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071