Monday, August 3, 2026

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ...

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ...

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့...

လေးမျက်နှာမြို့နယ် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းသုံး ကားနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာ တာဘောင်ကျိုးကျမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ လုံခြုံရေးအဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊...
HomeInternationalမဟာဗျူဟာမြောက် ခရုဇ်ဒုံးပျံပစ်လွှတ်မှု မြောက်ကိုရီးယား...

မဟာဗျူဟာမြောက် ခရုဇ်ဒုံးပျံပစ်လွှတ်မှု မြောက်ကိုရီးယား လေ့ကျင့်

မြောက်ကိုရီးယားသည် ပင်လယ်ဝါတွင် မဟာဗျူဟာမြောက် ခရုဇ်ဒုံးပျံပစ်လွှတ်မှု လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့ကြောင်း ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က ဖော်ပြခဲ့သည်။

သတင်းအစီရင်ခံစာအရ ဤလေ့ကျင့်ခန်း၏ ရည်ရွယ်ချက်မှာ ကိုရီးယားစစ်တပ်၏ “မည်သည့်နေရာကိုမဆို ပြန်လည်တိုက်ခိုက်နိုင်စွမ်း” နှင့် “အမျိုးမျိုးသော နျူကလီးယား လက်နက်များ၏ အဆင်သင့်ဖြစ်မှု” ကို “မြောက်ကိုရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ လုံခြုံရေးပတ်ဝန်းကျင်ကို ဆိုးရွားစွာ ချိုးဖောက်နေသော ရန်သူများနှင့် ရင်ဆိုင်မှုအဝန်းအဝိုင်းကို တဖြည်းဖြည်း တိုးမြှင့်နေသော ရန်သူများအား” ပြသရန်ဖြစ်ကြောင်း သိရသည်။

ဤပစ်လွှတ်မှုဖြင့် မြောက်ကိုရီးယားသည် “မဟာဗျူဟာမြောက် ခရုဇ်ဒုံးပျံ အစုအဖွဲ့များသည် ရုတ်တရက် ပစ်ခတ်မှု မစ်ရှင်ကို ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်စွမ်းရှိကြောင်း” ပြသခဲ့သည်။

KCNA ၏ အဆိုအရ ဒုံးပျံများသည် “၁,၅၈၇ ကီလိုမီတာ ရှည်လျားသော ဘဲဥပုံ လမ်းကြောင်းတစ်လျှောက် ၇,၉၆၁-၇,၉၇၃ စက္ကန့်ကြာ ပျံသန်းပြီးနောက် ပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ကြောင်း”သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ပစ်လွှတ်မှု လေ့ကျင့်ခန်းကို ကြီးကြပ်ခဲ့ပြီး ရလဒ်အပေါ် စိတ်ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့သည်။

သူက “ဒီပီအာကေ၏ နျူကလီးယားလက်နက်တပ်ဖွဲ့များ၏ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့မှာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ‘ယုံကြည်စိတ်ချရသော နျူကလီးယားဒိုင်း’ ဖြင့် အမြဲတမ်း ကာကွယ်ရန်ဖြစ်ပြီး၊ နျူကလီးယားတပ်ဖွဲ့အင်အားစုအနေဖြင့် တိုက်ပွဲအဆင်သင့်ဖြစ်မှု ပိုမိုစေ့စပ်သေချာစေရန်နှင့် ၎င်းတို့ကို အသုံးပြုရန်အတွက် ပြင်ဆင်မှု အပြည့်ရှိနေရန်ဖြစ်သည်” ဟု အလေးပေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရေပြန်ကျချိန်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ် ပြောကြား

လေးမျက်နှာ၊ ဩဂုတ် ၂ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းသွားပါက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားသည်။ ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက် (၅) ခုနှင့် ကျေးရွာ (၄၅) ရွာအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် ဖွင့်လှစ်ထားသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများအနက် ခတ္တူကျေးရွာအုပ်စု၊ ရွာသစ်စုကျေးရွာ ဓမ္မာရုံရှိ ရေဘေးသင့်ပြည်သူများကို ဩဂုတ် ၂ ရက်က သွားရောက်တွေ့ဆုံစဉ် ယင်းကဲ့သို့...

ပြည်ပဝယ်လိုအားကောင်း၍ ဆိပ်ဖြူဒေသထွက် ကြက်သွန်နီဈေးနှုန်း တစ်ပိဿာ ကျပ် ၅,၀၀၀ အထိ မြင့်တက်

မကွေး၊ ဩဂုတ် ၂ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ဆိပ်ဖြူဒေသထွက် ကြက်သွန်နီများသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအားကောင်းလာခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ဈေးနှုန်းဆက်လက်မြင့်တက်ကာ အရောင်းအဝယ်သွက်လက်လျက်ရှိကြောင်း ဆိပ်ဖြူကြက်သွန်နီဈေးကွက်မှ သိရသည်။ အုံးမှင်၊ လက်ဆည်၊ ဆူးလေကုန်း၊ တပ်မ၊ ဝဲမ၊ ဘဲကျ၊ တပေါင်းနှင့် ကူရှည်အလယ်စု ကျေးရွာများမှ ကြက်သွန်နီများ ပွဲရုံဈေးကွက်သို့ နေ့စဉ် ပိဿာချိန် ၅ သောင်းခန့် ဝင်ရောက်လျက်ရှိသော်လည်း ဝယ်လိုအားများပြီး ကုန်ဝင်နည်းနေသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဆိပ်ဖြူဈေးကွက်တွင် ဇူလိုင်လဆန်းပိုင်းက ကြက်သွန်နီတစ်ပိဿာလျှင် အမြင့်ဈေး ကျပ်...

လေးမျက်နှာမြို့နယ်ရေဘေးကယ်ဆယ်ရေး၌ အဆင့်မြင့်နည်းပညာအသုံးပြုကာစောင့်ကြည့်ကူညီ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရပ်ကွက်/ကျေးရွာ(၁၄)ခုအ တွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိ၍ ရေဘေးသင့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများက ကူညီရွှေ့ပြောင်းခြင်းများကိုပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ကူညီရွှေ့ပြောင်းပေးရာ၌ ဧရာဝ တီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ Manpack(ကျောလွယ်ဂြိုလ်တုဆက်သွယ်ရေးစနစ်)ဖြင့် သမာရိုးကျမြေပြင်ဆက်သွယ်ရေးစနစ်များမရှိသော ဆက်သွယ်မူပြတ်တောက်ထားသည့်အခြေအနေများတွင် ဆက်သွယ်မူရရှိနိုင်ရန် သယ်ဆောင်အသုံးပြုနိုင်သည့် ဂြိုလ်တုဆက်သွယ်ရေးစနစ်၊ အသံစနစ်၊တိုက်ရိုက်ရုပ်မြင်စနစ်များဖြင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး Command and Control Center(C3)မှလည်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ ကူညီရွှေ့ပြောင်းခြင်းလုပ်ငန်းများအားနှင့် မြေပြင်အခြေအနေအားစောင့်ကြည့်ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071