Home Movies မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား ၄.၅ မဂ္ဂနီကျူရှိ မြေငလျင် လှုပ်ခတ်

မန္တလေး၊ ပြင်ဦးလွင်နှင့် စစ်ကိုင်းတို့တွင် အင်အား ၄.၅ မဂ္ဂနီကျူရှိ မြေငလျင် လှုပ်ခတ်

0
84

ယနေ့ (ဇူလိုင် ၂၉ ရက်) ညပိုင်းက မန္တလေးမြို့ အပါအဝင် ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင် အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု သိသိသာသာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံများနှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ငလျင်မှာ ယနေ့ည မြန်မာစံတော်ချိန် ၈ နာရီ ၃၂ မိနစ် ၄၅ စက္ကန့်အချိန်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မန္တလေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ (အောင်မြေသာဇံမြို့နယ်၏ အနောက်မြောက်ဘက် ၆ မိုင်ခန့်အကွာ) မြေအနက် ၁၅ ကီလိုမီတာကို ဗဟိုပြု၍ အင်အား မဂ္ဂနီကျူ ၄.၅ အဆင့်ရှိ လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု မိုးဇလက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့တွင် စုန်လှုပ်၊ ဝှေ့လှုပ်ပြင်းထန်စွာ ခံစားခဲ့ရပြီး ပြင်ဦးလွင်နှင့် စစ်ကိုင်းမြို့တို့တွင်လည်း သိသိသာသာ လှုပ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

နိုင်ငံတကာ ငလျင်တိုင်းတာရေး အပလီကေးရှင်းအချို့တွင်မူ အဆိုပါ ငလျင်သည် အင်အား ၄.၆ မဂ္ဂနီကျူအဆင့်ရှိပြီး မန္တလေးမြို့၊ ပုသိမ်ကြီးဒေသအနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားကြသည်။

ယခု ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကိုမူ လတ်တလော မသိရှိရသေးပေ။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here