မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်ရှိ KBZ Bank(၃၇)အား ဖေဖော်ဝါရီ ၂၁ ရက်က တစ်ကိုယ်တော်ဓာ-းပြတိုက်ခဲ့သူအား အခင်းဖြစ်ပြီး ၁၉ နာရီခန့်အကြာ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်က Mask တပ်ဆင်ထားသည့် အမည်မသိအမျိုးသားတစ်ဦးမှ နံပါတ်မပါသည့် စူပါကပ်ဆိုင်ကယ်ဖြင့် KBZ Bank(၃၇)သို့ရောက်ရှိလာပြီး ဘဏ်ဝန်ထမ်းများအား အသင့်ပါလာသောေ-သနတ်ဖြင့်ခြိမ်းခြောက်ကာ ငွေကျပ် (၁၁၄၅)သိန်း (၅ ထောင်တန်သီးသန့်)အား ဓာ-းပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား လုံခြုံရေးအဖွဲ့ဝင်များကစစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲစခန်းမှအမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၉ နာရီခန့်တွင် ပြစ်မှုကျူးလွန်သူ သိန်းဇော်ဦး(၅၄) နှစ်အား ပြည်ကြီးတံခွန်မြို့နယ်ရှိ နေအိမ်တစ်လုံးအတွင်းမှ ဓ-ားပြတိုက်ယူဆောင်သွားခဲ့သည့် ငွေကျပ်(၁၁၄၅)သိန်းအနက်မှ ငွေကျပ်(၁၀၉၈) သိန်း၊ ဓ-ားပြတိုက်စဉ်ကအသုံးပြုခဲ့သည့် ေ-သနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
