မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်သည် RBE ရထား စီးနင်းလိုက်ပါ၍ စစ်ဆေးခဲ့သည်။
ယမန်နေ့ (မေ၃၀) နံနက်ပိုင်းက စီးနင်းခဲ့ခြင်း ဖြစ်ကာ ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရထားလမ်းပိုင်းတစ်လျှောက်သန့်ရှင်းသာယာလှပရေးစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
ခရီးစဉ်တစ်လျှောက် တိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် က ပြည်သူများ ခရီးသွားလာမှုတွင် အဆင်ပြေ ချောမွေ့ စေရန်၊ ရထားလမ်းပိုင်းတစ်လျှောက် ဘူတာရပ်ဝန်း အတွင်း ချုံများ၊အမှိုက်သရိုက်များ ရှင်းလင်းကြရန်၊ မီးရထားလမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရေး၊ မီးရထားနယ်မြေဧရိယာအတွင်း သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ ဘေးဝဲယာ အရိပ်ရအပင်များစိုက်ပျိူးနိုင်ရေး မှာကြားခဲ့သည်။
