Wednesday, September 9, 2026

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး...

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru...

ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ် စုံ/မ...

ရန်ကုန်၊ စက်တင်ဘာ ၉ စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရေရှည်ဆီဖူလုံရေးအတွက် အချိန်ကာလတစ်ခုအတွင်း ကျင့်သုံးခဲ့သည့် မော်တော်ယာဉ်နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန်...

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊...

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊...
HomeNewsLocal Newsမန္တလေးတိုင်းရှိ လုပ်ငန်း ၃၆၀၀...

မန္တလေးတိုင်းရှိ လုပ်ငန်း ၃၆၀၀ ကျော်ကို မှတ်ပုံတင်ခွင့်ပြုကာချိတ်ဆက်​ဆောင်ရွက်ပေး​နေသည့်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန

မန္တလေးတိုင်းဒေသကြီးအတွင်း တစ်ပိုင်တစ်နိုင်နှင့် မိသားစုစီးပွားရေးလုပ်ငန်း ၃,၆၆၄ ခုကို လုပ်ငန်းမှတ်ပုံတင် စီစစ်ခွင့်ပြုထုတ်ပေးထားကြောင်း တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တင်သွင်းရောင်းချနိုင်ရန်၊ လုံခြုံစိတ်ချမှုရှိစေရန်၊ ပြည်ပသွင်းကုန်အစားထိုး ကုန်ပစ္စည်းများ ပေါ်ထွက်လာစေရန်၊ ကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ငန်းမှတ်ပုံတင် ခွင့်ပြုပေးခြင်းဖြစ်ဟု တိုင်းဦးစီးမှူး ဦးဝင်းဗိုလ်က ပြောသည်။

“မှတ်ပုံတင်လာရောက်လျှောက်ထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ထုတ်လုပ်မှုလုပ်ငန်းပိုင်းတွေမှာ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိရင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကနေ လုပ်ငန်းတွေ အောင်မြင်အောင် နည်းပညာပိုင်းမှာလည်း ပံ့ပိုးပေးလျက်ရှိပါတယ်”ဟု ဆိုသ ည်။

ထို့အပြင် မှတ်ပုံတင်လုပ်ငန်းရှင်များ၏ ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း အောင်မြင်စွာ ရောင်းချနိုင်ရန်အတွက် City Mart ၊ Junction ၊ Ocean စသည့် Shopping Centre များနှင့် ချိတ်ဆက်ကာ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးနေသလို ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများတွင် ပြသနိုင်ရေးအတွက် ချိတ်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

“အဲ့လိုဆောင်ရွက်ပေးနိုင်ဖို့အတွက် လုပ်ငန်းရှင်တွေကို တရားဝင်ဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်တွေ ပြုလုပ်ပေးခြင်း ဖြစ်ပါတယ်”ဟု တိုင်းဦးစီးမှူးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးတွင် စားသောက်ကုန်လုပ်ငန်းများ၊ နေထိုင်ရေးလုပ်ငန်းများ၊ လူသုံးကုန်လုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်းဆိုင်ရာ လုပ်ငန်းများနှင့် သစ်အခြေခံနှင့် ပရိဘောဂလုပ်ငန်းကဲ့သို့ အထွေထွေလုပ်ငန်းများ အများဆုံး မှတ်ပုံတင်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“City Mart တို့၊ Ocean တို့မှာ သူတို့ရဲ့ စားသောက်ကုန်တွေအနေနဲ့ တင်သွင်းရောင်းချမယ်ဆိုရင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ လုပ်ငန်းမှတ်ပုံတင်တို့၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးထားတဲ့ အဖြေတို့ ပါရှိမှသာ သူတို့က လက်ခံတာဖြစ်တဲ့အတွက်ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေအနေနဲ့ လုံခြုံစိတ်ချစွာနဲ့ ဈေးကွက်မှာ ဖြန့်ဖြူးတင်ပို့ရောင်းချနိုင်မှာ ဖြစ်ပါတယ်”ဟု ဦးဝင်းဗိုလ်က ဆက်လက်ပြောကြားသည်။

လုပ်ငန်းမှတ်ပုံတင် တစ်ခု၏ သက်တမ်းမှာ (၂) နှစ်ဖြစ်ပြီး (၂) နှစ်တစ်ကြိမ် သက်တမ်းတိုး ဆောင်ရွက်ရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၉) ကြိမ်မြောက် ဘင်္ဂလူရူး အာကာသနည်းပညာပြပွဲကြီး ကျင်းပနေ

အိန္ဒိယနိုင်ငံ၊ ကာနာတာက ပြည်နယ်၊ ဘင်္ဂလူရူးမြို့ရှိ Bengaluru International Exhibition Centre (BIEC) ၌ (၉) ကြိမ်မြောက် Bengaluru Space Expo 2026 ကို စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ သုံးရက်ကြာ ကျင်းပလျက်ရှိသည်။ ပြပွဲဖွင့်ပွဲအခမ်းအနားတွင် ဒေသဆိုင်ရာ ရိုးရာအကအလှများဖြင့် ကြိုဆိုဖျော်ဖြေခဲ့ကြပြီး အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ခေတ်မီနည်းပညာတို့ကို ပေါင်းစပ်ဖော်ပြသည့် အခမ်းအနား တစ်ရပ်အဖြစ် စိတ်ဝင်စားဖွယ် တွေ့မြင်ရသည်။အဆိုပါပြပွဲတွင် နိုင်ငံပေါင်း ၂၀ မှ နည်းပညာဆိုင်ရာ...

ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန် မော်တော်ယာဉ် စုံ/မ စနစ် ပယ်ဖျက်

ရန်ကုန်၊ စက်တင်ဘာ ၉ စက်သုံးဆီချွေတာသုံးစွဲရေးနှင့် ရေရှည်ဆီဖူလုံရေးအတွက် အချိန်ကာလတစ်ခုအတွင်း ကျင့်သုံးခဲ့သည့် မော်တော်ယာဉ်နံပါတ်ပြားအလိုက် “စုံ/မ” ခွဲခြားမောင်းနှင်သည့်စနစ်ကို ပြည်သူများ၏ နေ့စဉ်သွားလာရေးနှင့် လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေချောမွေ့စေရန် အစိုးရက ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ “စုံ/မ” စနစ်ကို ကမ္ဘာ့စက်သုံးဆီဈေးကွက်နှင့် စက်သုံးဆီရရှိနိုင်မှုအခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ပြည်တွင်းစက်သုံးဆီသုံးစွဲမှုကို လျှော့ချထိန်းညှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လ ၇ ရက်မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ EV ယာဉ်များမှအပ ပုဂ္ဂလိကမော်တော်ယာဉ်များကို ယာဉ်နံပါတ်ပြား၏ နောက်ဆုံးဂဏန်းအလိုက် “စုံ” ရက်နှင့် “မ” ရက် သတ်မှတ်၍...

ဗီယက်နမ်-မြန်မာ ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်မည်

စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရန် နှစ်နိုင်ငံကုမ္ပဏီများ MoU လက်မှတ်ရေးထိုး ဟနွိုင်း၊ စက်တင်ဘာ ၆ ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်နိုင်ရေးအတွက် ဆန်စပါး၊ မျိုးစေ့၊ ဆန်စက်ပစ္စည်း၊ သိုလှောင်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများကို စက်တင်ဘာ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Melia Hotel ၌ ကျင်းပသည့် Myanmar-Vietnam Business Forum 2026 တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071