မန္တလေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ်အတွင်း ပို့ကုန်ပဲများဖြစ်သည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ အဝယ်အေးနေပြီး ဈေးနှုန်းများလည်း တည်ငြိမ်မှုရှိနေကြောင်း ကုန်သည်များထံမှ သိရသည်။
ပဲစင်းငုံ (နီ) (၆၀) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတ စ်ပတ်တွင် ကျပ် (၂၈၀,၀၀၀) မှ (၂၈၁,၀၀၀) အတွင်းရှိပြီး ယခင်တစ်ပတ်က ကျပ် (၂၇၈,၀၀၀) မှ (၂၈၀,၀၀၀) ရှိခဲ့ကြောင်း သိရသည်။
ယခင်လတွင် ကျပ် (၂၈၅,၀၀၀) အထိ ရှိခဲ့သဖြင့် လစဉ်နှိုင်း ယှဉ်ပါက ကျပ် (၄,၀၀၀) မှ (၅,၀၀၀) ခန့် ဈေးကျဆင်းလာကြောင်း သိရသည်။
ပဲစင်းငုံ (ဖြူ) မှာ (၆၀) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်တွင် ကျပ် (၂၄၇,၀၀၀) မှ (၂၅၀,၀၀၀) အတွင်း ဈေးငြိမ်နေခဲ့ပြီး ယခင်လက ကျပ် (၂၅၅,၀ ၀၀) ရှိခဲ့သဖြင့် ကျပ် (၅,၀၀၀) မှ (၈,၀၀၀) ခန့် ဈေးနိမ့်လာကြောင်း သိရသည်။
အညာပဲတီစိမ်း (၅၆.၂၅) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် (၃၇၀,၀၀၀) မှ (၃၈၅,၀၀၀) အထိရှိပြီး ယခင်တစ်ပတ်က ကျပ် (၃၇၀,၀၀၀) မှ (၃၈၀,၀၀၀) ရှိခဲ့ကြောင်း သိရသည်။
ယခင်လက ကျပ် (၂၈၀,၀၀၀) မှ (၃၁၀,၀၀၀) သာရှိခဲ့သဖြင့် လစဉ်နှိုင်းယှဉ်ပါက ကျပ် (၇၅,၀၀၀) မှ (၉၀,၀၀၀) ခန့် ဈေးမြင့်တက်လာကြောင်း သိရသည်။
ထို့ပြင် မတ်ပဲ (ကျောက်ရစ်) (၆၀) ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် (၂၈၀,၀၀၀) ရှိပြီး ယခင်တစ်ပတ်က ကျပ် (၂၇၈,၀၀၀) ရှိခဲ့သဖြင့် ကျပ် (၂,၀၀၀) ခန့် ဈေးမြင့်တက်လာခဲ့သည်။
သို့သော် ယခင်လက ကျပ် (၂၈၄,၀၀၀) မှ (၂၈၅,၀၀၀) အထိရှိခဲ့သဖြင့် လစဉ်နှိုင်းယှဉ်ပါက ကျပ် (၄,၀၀၀) မှ (၅,၀၀၀) ခန့် ဈေးနိမ့်လာကြောင်း သိရသည်။
ပြည်ပဝယ်လိုအား လျော့နည်းနေခြင်းနှင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးနေခြင်းတို့ကြောင့် ပို့ကုန်ပဲဈေးနှုန်းများ တည်ငြိမ်နေခြင်းဖြစ်ကြောင်း ကုန်သည်များ၏ ပြောကြားချက်အရသိရသည်။
