Home News Local News မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ ရန်ကုန်တိုင်း ၌ နေရာကွက်၍မိုးကြီးနိုင်

မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ ရန်ကုန်တိုင်း ၌ နေရာကွက်၍မိုးကြီးနိုင်

0
97

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ သြဂုတ် ၈ ရက်ညနေ ၄ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်း ၌ မနက်ဖြန် သြဂုတ် ၉ ရက်နံနက်ပိုင်းအထိ နေရာကွက်၍မိုးကြီးနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းနည်းတူ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ပဲခူး တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင်လည်း နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တန င်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ထို့အတူ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် (တောင်ပိုင်း)နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဩရိ ဿပြည်နယ်(မြောက်ပိုင်း)တို့တွင် လေဖိအားနည်းရပ် ဝန်းတစ်ခု၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ် အော်(တောင်ပိုင်း)တို့တွင် မုတ်သုံလေအားကောင်းနေကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here