Tuesday, June 16, 2026

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက...

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း...

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊...

မြောင်းတကာစက်မှုဇုန်ရှိ သံရည်ကျိုလုပ်ငန်းမှ တရား မဝင်ဓာတ်အားသုံးစွဲမှုကိုဖော်ထုတ်နိုင်ခဲ့သည့်...

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်ရှိ ZON TAI STEEL Co.,Ltd သံရည်ကျိုလုပ်ငန်းတွင် တ ရားမဝင်ဓာတ်အားရယူသုံးစွဲခဲ့ခြင်းကို မြေပြင်ကွင်းဆင်းစစ်ဆေးဖော်ထုတ်နိုင်ခဲ့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်း(၆)ဦးအား...
HomeNewsLocal Newsမတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

မတ်လအတွက် ရည်ညွှန်းဆန်ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်

ယခု မတ်လအတွက် သင့်တင့်မျှတသော ရည်ညွှန်းဆန်ဈေးနှုန်းများ ထုတ်ပြန်ခဲ့ပြီး ယင်းတွင် ဆန်ကြမ်းနှင့် ပြည်တွင်းစားဆန်တချို့ ဈေးနှုန်းထပ်မံကျဆင်းခဲ့ကြောင်း ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

အဆိုပါ ရည်ညွှန်းဆန်ဈေးနှုန်းသတ်မှတ်ချက်အရ ဆန်ကြမ်းအုပ်စုများ (ဧည့်မထ/ ငစိန်) (ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ ရွှေမန်း စသော ဧည့်မထ/ ငစိန် အုပ်စုဝင် ဆန်ကြမ်းများ)အတွက် ၂၅ မှတ်ဆန် တစ်အိတ် (၆၈,၀၀၀) ကျပ်၊ ၂၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိ တ် (၇၅,၀၀၀)ကျပ်၊ ၁၅ မှတ်ဆန်တစ်အိတ် (၇၃,၀၀၀) ကျပ်၊ ၁၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် (၇၈,၀၀၀)ကျပ်၊ ၁၀-၅ မှတ်ဆန် တစ်အိတ် (၇၅,၀၀၀)ကျပ်၊ ၁၀-၅ မှတ်ဆန် ပြည်ပတင်ပို့မည့် ၅၀ ကီလိုဂရမ်တစ်အိတ် (၈၀,၀၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ပြည်တွင်းစားဆန် အမျိုးအစားများကိုလည်း တစ်အိတ် ကျပ် (၉၄,၀၀၀) နှင့် ကျပ် (၉၉,၀၀၀) သတ်မှတ်ထားသလို ပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုပါရှိသော အရည်သွေးအသင့်တင့်ရှိသော ဆန်အမျိုးအစားနှင့် စားသုံးမှုအထူးကောင်းမွန်သည့် ဆန်အမျိုးအစားများကို ယခင်အတိုင်းသတ်မှတ်ထားကြောင်း သိရသည်။

ထို့ပြင် ပြည်တွင်း၌ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်းဆန်အဟောင်းများ၊ ရွှေပေါ်ဆန်းအသစ်များ၊အခြားပေါ်ဆန်းဆန်အုပ်စုဝင် (ဧရာဝတီပေါ်ဆန်း၊ ပေါ်ကျွဲ) ဆန်ဟောင်းများ၊တောင်ပျံ/ဘေးကြားဆန်အဟောင်းများကိုလည်း ယခင်ဈေးအတိုင်း သတ်မှတ်ထားသည်။

အလားတူ ဈေးအရောင်းစင်တာ (Super Market၊ Mini Market) များတွင် Consumer Packaging ဖြင့် ရောင်းချမှုအတွက် ဆန်ဈေးနှုန်းအားလုံးကိုလည်း နိုဝင်ဘာလအတိုင်း သတ်မှတ်ပေးထားရာထို့ကြောင့် ဈေးကွက်အတွင်း ရောင်းချရာတွင် အထက်ဖော်ပြပါ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများအပေါ် ၈ ရာခိုင်နှုန်းထက်မပိုသော၊ ဝန်ဆောင်စရိတ် ၃ ရာခိုင်နှုန်းထက်မပိုသော၊ သယ်ယူသိုလှောင်စရိတ် ၄ ရာခိုင်နှုန်းထက်မပိုသော ထုတ်လုပ်သူအကျိုးအမြတ်တို့ဖြင့် တွက်ချက်ရောင်းချရန် သတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက်(၁၀၀)အတွင်း “လမင်း”စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လဝက ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

ရက်(၁၀၀)အတွင်း "လမင်း"စီမံချက်ကိုကြိုးပမ်းအ ကောင်အထည်ဖော်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က တိုက်တွန်းပြောကြားသည်။ ယနေ့ ဇွန် ၁၅ ရက်တွင်ကျရောက်သည့် လဝက ၏ (၃၁)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားစဥ် အထက်ပါအတိုင်းတိုက်တွန်းပြောကြားခဲ့ခြင်းဖြစ် သည်။ ပြည်သူ့အတွက် ပြီးပြည့်စုံသောဝန်ဆောင်မှု‌များ၊ နိုင်ငံအတွက် လက်ငင်းအကျိုးရှိစေမည့် အစီအမံများ ချ မှတ်၍ ရက်(၁၀၀)အတွင်း၌ ဝန်ကြီးဌာန၏ "လမင်း"စီ မံချက်အဖြစ် ကြိုးပမ်းအကောင်အထည်ဖော်ဆောင် ရွက်ရမည်ဟု တိုက်တွန်းပြောကြားသည်။ ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံဝန်ထမ်းပီပီ နိုင်ငံနှင့် ပြည်သူ့အတွက် သစ္စာတရားကိုလက်ကိုင်ပြု၊ ကိုယ်ချင်းစာစိတ်ထားယှဉ်၍ ကောင်းမြတ်သောအစဉ်အလာများကိုလက်ဆင့်ကမ်းသယ်ပိုးရင်း အချင်းချင်းစည်း လုံးညီညွတ်စွာဖြင့်...

ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အတွင်း အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အလွန်အားကောင်းနေခြင်းကြောင့် ကမ်းရိုးတန်းဒေသများ (ရခိုင်၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ)နှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဇွန်လ တတိယပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင်း ဦးဝင်နိုင် က ယနေ့ တွင် အသိပေးထားသည်။ ထိုပြင် ဇွန်လ ၁၅ ရက်မှ စတင်ကာ ဇွန်လ ၁၆ ရက်မှ ၂၂ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ရွာသွန်းရရှိနိုင်မည့် စုစုပေါင်းမိုးရေချိန် (mm) ခန့်မှန်းချက်နှင့်...

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက်မဟာဘွဲ့ နှင်းသဘင်

ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈)ကြိမ်မြောက် မဟာဘွဲ့ နှင်းသဘင်အခမ်းအနားကို ယနေ့ ဇွန် ၁၅ ရက်ကကျင်းပရာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်၊ မဟာသိမ်တော်ကြီးဆရာတော်၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ကြွရောက်တော်မူခဲ့ကြသည်။ သန်လျင်မင်းကျောင်းဆရာတော်ကြီး၊ မဟာသိမ်တော်ကြီးဆရာတော်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္က သိုလ်(မန္တလေး)ပါမောက္ခချုပ်ဆရာတော်တို့ထံမှ တက်ရောက်လာကြသူများက လမ်းညွှန်ဩဝါဒမြွက်ကြားချက်များကိုနာယူကြည်ညိုခဲ့ကြသည်။  ထို့နောက် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော်ကြီးကဘွဲ့ရရှိကြသူများ၏ အတည်ပြုလွှာများကို လက် မှတ်ရေးထိုးပေးတော်မူပြီး MA တက်ရောက်အောင်မြင်ကြသည့် ကျောင်းသား/သူများအား ဘွဲ့လက်မှတ်များချီးမြှင့်ပေးအပ်တော်မူခဲ့သည်။ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၏ (၁၈) ကြိမ်မြောက် မဟာဘွဲ့နှင့်းသဘင်တွင် စာအောင်သံဃာတော်များအတွက် ရန် ကုန်တိုင်းအစိုးရအဖွဲ့(ကိုယ်စား) ရန်ကုန်တိုင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071