Friday, July 31, 2026

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ...

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ...

ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို...

သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို...

လေးမျက်နှာမြို့ ရေဘေးသင့်သူများအတွက် ရေဘေးအလှူပစ္စည်းများကို ပုသိမ်ကြက်တောင်အားကစားရုံ၌လက်ခံပေးနေ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာ တာသည် ယနေ့ ဇူလိုင် ၃၁ ရက်နံနက် ၇ နာရီကကျိုး ပေါက်သွားသဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင်...
HomeMoviesမြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့်...

မြန်မာ-လာအို ချစ်ကြည်ရေးအသင်းမှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လာအိုနှင့် မြန်မာ တူညီသော ကိုးကွယ်ယုံကြည်မှုများကြား မေတ္တာပွားခြင်း

ယနေ့နံနက် (၀၉:၄၅) နာရီတွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ စွယ်တော်ဘုရားလမ်းရှိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်၌ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဦးဝင်းမောင် ဦးဆောင်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ် ပါမောက္ခဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ချစ်ကြည်ရေး တရားတော်များ နာယူကြည်ညိုကြပြီး ပြုပြုသမျှ ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချ အမျှဝေခဲ့ကြပါသည်။

လှူဒါန်းမှုအစုစုအဖြစ် မြန်မာ-လာအို ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက –

အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်ရှိ ဆရာတော် သံဃာတော်များနှင့် လာအိုနိုင်ငံမှ လာရောက်ပညာဆည်းပူးနေသော လာအိုသံဃာတော်များအား ဝါဆိုသင်္ကန်း၊ ထီး၊ ယပ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊
ပြည်တွင်းပြည်ပမှသံဃာတော်/သီလရှင်နဲ့ စာသင်ကျောင်းသားကျောင်းသူ စုစုပေါင်း
၃၅၉ ဦး အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊
ဆွမ်းပဒေသာပင်အတွက် ငွေကျပ် သိန်း (၅၀) စိုက်ထူလှူဒါန်းခြင်း တို့ကို ပြုလုပ်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီး H.E. Mr. Bounphieng CHANTHAVONG နှင့် ဇနီး၊ လာအိုနိုင်ငံဆိုင်ရာ စစ်သံမှူးနှင့် စစ်သံရုံးအရာရှိများ၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုသံရုံးမှ သံအရာရှိများ၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း အဖွဲ့ဝင်များ၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင်အဖွဲ့ဝင်များ၊
ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော မိတ်ဆွေဧည့်သည်တော်များ တက်ရောက်ကြည်ညို သဒ္ဓါပွားခဲ့ကြပြီး အခမ်းအနားကို မွန်းလွဲ (၁၂:၃၀) နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်ကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရ

မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့အတွင်း မြစ်ရေဝင်ရောက်လျက်ရှိ၍ ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်း(၄)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ လက်ရှိအချိန်၌ သံကန်တန်း(၇)၊ ကျောက်ကုန်းရပ်ဓမ္မာ ရုံ၊ ပေတောဘုန်တော်ကြီးကျောင်းနှင့် အောက်ကျောင်းဘုရားဓမ္မာရုံတို့အား ရေဘေးသင့်ယာယီကယ်ဆယ်ရေးစခန်းများအဖြစ်ဖွင့်လှစ်ထားကာ ရေဘေးသင့်သူ (၁၉၉)ဦးခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။ ၎င်းတို့အား မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဆန်ရိက္ခာဖိုးငွေ၊ မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက အိမ်ထောင်စု တစ်စုလျှင် ကြက်ဥ(၁၀)လုံး၊ ရေသန့်(1-Litre)တစ်ကတ်စီတို့ကို ယနေ့ ဇူလိုင် ၃၁ ရက်ကထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဘေးရှောင်စခန်းများသို့ ယာယီပြောင်းရွှေ့ နေထိုင်ရန်ကျန်ရှိသည့် ရေဘေးသင့်အိမ်ထောင်စုများကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုးငွေများပံ့ပိုးပေးရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၆,၇၄၇)ဦးကိုဘေးလွတ်ရာရွှေ့ပြောင်းပေးထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ဂျမ်းကုန်းကျေး ရွာအနီးရှိ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ ၌ တာကျိုး ပေါက်မှုကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးကို ရေဘေးလွတ်ကင်းရာသို့ရွှေ့ပြောင်းပေးထားရကြောင်း သိရသည်။ လေးမျက်နှာမြို့မှ အမှတ်(၁)၊ (၂)၊ (၃)၊ (၄)၊ (၅)ရပ် ကွက်များ၊ ညောင်ပင်ဝဲကျေးရွာအုပ်စုရှိ ညောင်ပင်ဝဲ၊ မသဲကုန်း၊ ရွှေကညင်ပင်ကျောင်း၊ သရက်ကန်၊ လေးအိမ်တန်းကျေးရွာများနှင့် သခွတ်ချောင်းကျေးရွာအုပ်စုရှိ ဂျမ်းကုန်း၊ ကျွန်းတဲ၊ ကွမ်းခံကုန်းကျေးရွာများအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဘေးသင့်လူဦးရေ(၆,၇၄၇)ဦးအား ယာ ယီရေဘေးကယ်ဆယ်ရေးစခန်းအဖြစ်ဖွင့်လှစ်ထားသော လေးမျက်နှာမြို့၊ ဣစ္ဆာသယကျောင်းတိုက်၌ စောင့်ရှောက်ပေးထားကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က ယနေ့...

ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်မှာကြား

သဲဗွက်များဖြစ်ပေါ်မှုကြောင့် ငဝန်ရေကာတာ၏ တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့ရာ ကူညီကယ်ဆယ်ရေးနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ရန် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်က မှာကြားသည်။ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု၊ ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာကျိုးပေါက်မှုအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအရေးပေါ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇူလိုင် ၃၁ ရက်နံနက်ပိုင်းကပြုလုပ်စဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ငဝန်ရေကာတာ၏ တာမိုင် ၂၅/၃ အနီး ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် သဲဗွက်များဖြစ်ပေါ်လာ၍ အရေးပေါ်ကာကွယ်ရေးလုပ်ငန်းများချက်ချင်းဆောင်ရွက်ခဲ့မှု၊ နောက်ပိုင်းတွင် သဲဗွက်များပိုမိုကျယ်ပြန့်လာပြီး မြစ်ရေတွန်းအားကြောင့် တာဘောင်ပေ(၂၀)ခန့်ကျိုးပေါက်ခဲ့သဖြင့် တာအတွင်းဘက်သို့ရေဝင်ရောက်ခဲ့မှုတို့ကို ရှင်းလင်းပြောကြားသည်။ တာကျိုးနေရာ၌ ရေရှိန်သတ်ခြင်း၊ ရေပေါက်ပိတ်ဆို့ခြင်းများကို စက်ယန္တရားကြီးများအသုံးပြုဆောင်ရွက်လျက်ရှိမှု၊ ရေဘေးသင့်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071