မန္တလေးတိုင်း၊ မတ္တရာမြို့ကိုဗဟိုပြု၍ အင်အားအနည်း ငယ်ရှိ ငလျင်တစ်ခု ယနေ့ အောက်တိုဘာ ၂ ရက်မွန်း လွဲပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
မတ္တရာမြို့၏ အရှေ့မြောက်ဘက်(၇)မိုင်ခန့်အကွာ အ နက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၆)ရှိ အင်အားအနည်းငယ်ရှိသောင လျင်သည် မွန်းလွဲ ၂ နာရီ ၅၉ မိနစ် ၄၉ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၃ ရက်နံနက် ၅ နာရီကျော်ခန့်ကလည်း မတ္တရာမြို့ကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)ရှိ အင်အားအနည်းငယ်ရှိသော င လျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
