ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အပူရှိန်ဆက်လက်မြင့်တက်နေပြီး မကွေးတိုင်းအတွင်းရှိ မင်းဘူးမြို့သည် အပူချိန် ၄၂.၅ ဒီဂရီဆဲလ်စီးယပ်ဖြင့် အပူဆုံးမြို့အဖြစ် စံချိန်တင်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယနေ့တိုင်းထွာချက်များအရ ဒေသအလိုက် အပူချိန်ပြောင်းလဲမှုမှာ ထထူးခြားလျက်ရှိပြီ တနင်္သာရီတိုင်းတွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၄ ဒီဂရီဆဲစီးယပ်ခန့် ပိုခဲ့ပြီး၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ ချင်းနှင့် မွန်ပြည်နယ်တို့တွင် ပုံမှန်ထက် ၂ ဒီဂရီဆဲစီးယပ်ခန့် ပိုမိုပူပြင်းခဲ့ကြောင်း ဆိုသည်။
မိုးရွာသွန်းမှုများရှိခဲ့သည့် ကချင်ပြည် နယ်တွင် ပုံမှန်ထက် ၅ ဒီဂရီဆဲစီးယပ် ခန့်အထိ သိသိသာသာ လျော့နည်းသွားသလို၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း အပူချိန် ၂ ဒီဂရီမှ ၄ ဒီဂရီဆဲစီးယပ်အထိ ပြန်လည်ကျဆင်းခဲ့ကြောင်းသ်ရသည်။
ယနေ့ အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်အထက်သို့ ရောက်ရှိနေသည့် မြို့များမှာ မင်းဘူးမြို့တွင် ၄၂.၅ဒီဂရီဆဲလ်စီးယပ်၊ ဇောင်းတူမြို့ တွင် ၄၁. ၂ဒီဂရီဆဲလ်စီးယပ် ၊တောင်ငူမြို့တွင် ၄၁.၁ဒီဂရီဆဲလ်စီးယပ်၊ချောက်မြို့ တွင် ၄၀.၆ ဒီဂရီဆဲလ်စီးယပ်၊ တောင်တွင်းကြီးမြို့ တွင် ၄၀.၅ဒီဂရီဆဲလ်စီးယပ်နှင့် ကော့ကရိတ်၊ ရွှေကျင်၊ အောင်လံမြို့တို့တွင်လည်း ၄၀ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့ကြောင်း အသိပေးထားသည်။
ထို့အပြင် ပြီးခဲ့သည့် (၂၄) နာရီအတွင်း ပြင်ဦးလွင်နှင့် ရွှေဘိုမြို့တို့တွင် မိုးရေချိန် ၂ လက်မအထက်အထိ မိုးရွာသွန်းခဲ့သသလို မနက်ဖြန်တွင်လည်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာနိုင်ပြီး ရွာရန်ရာနှုန်းမှာ (၈၀)ရာခိုင်နှုန်း ရှိနေသည်ဟု ခန်းမှန်းထားသည်။
နေပြည်တော်၊ မန္တလေးနှင့် ကျန်တိုင်းဒေသကြီးများတွင်လည်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သဖြင့် အပူရှိန်ပြင်းထန်ရာမှ မိုးတိမ်တောင်များဖြစ် ထွန်းပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုး ပစ်ခြင်းများကို သတိပြုရန် မိုး/ဇလက သတိပေးထားသည်။
