မကွေးတိုင်း ဂန့်ဂေါမြို့ ၏ အနောက်မြောက်ဘက် (၂၄)မိုင်ခန့်အကွာ တွင် အနက်(၁၇၂)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။
ယနေ့ မနက် (၀၀)နာရီ(၀၁)မိနစ်ဝန်းကျင် ၌ ဟားခါးမြေငလျင်စခန်း ကနေ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း မိုးဇလက အသိပေးထားသည်။
အဆိုပါ ငလျင်ကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။
