ယခုလ မတ်(၁၄)ရက်တွင် စတင် ကျင်းပမည့် ပထမဆုံး မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလိဂ် (MSL)ပြိုင်ပွဲအတွက် ဆုကြေးများထုတ်ပြန်လာပြီဖြစ်သည်။
ပြိုင်ပွဲတွင် ဆုကြေးငွေ ကျပ်သိန်းပေါင်း (၅၀၀) နီးပါး ချီးမြှ င့်သွားမည်ဖြစ်ကာ ပွဲစဉ်တိုင်းအတွက် အနိုင်ရရှိသည့်အသ င်းကို ကျပ် (၁၅၀,၀၀၀)နှင့် ရှုံးသည့်အသင်းကို ကျပ် (၅၀,၀၀၀)စီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲအတွင်း MEN Quadrant ၌ ပထမဆု ကျပ်သိန်း (၁၀၀) (ဆုဖလား နှင့် ဆုဆွဲပြား)၊ ဒုတိယဆု ကျပ်သိန်း (၈၀) (ဆုတံဆိပ်ဆွဲပြား)၊ တတိယဆု ကျပ်သိန်း (၄၀) (ဆုတံဆိပ်ဆွဲပြား)တို့ ပေးအပ်သွားမည်ဖြစ်သည်။
MEN Regu ၌ ပထမဆု ကျပ်သိန်း(၇၀)(ဆုဖလား နှင့် ဆုဆွဲပြား) ဒုတိယဆုကျပ်သိန်း(၅၀)(ဆုတံဆိပ်ဆွဲပြား)၊ တတိယ ဆု ကျပ်သိန်း (၄၀) (ဆုတံဆိပ်ဆွဲပြား)တို့ကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။
အလားတူ WOMEN Regu ၌ ပထမဆု ကျပ်သိန်း(၄၀) (ဆုဖလားနှင့်ဆုဆွဲပြား) ဒုတိယဆု ကျပ်သိန်း(၃၀) (ဆုတံဆိပ်ဆွဲပြား)၊ တတိယဆု ကျပ်သိန်း (၂၀) ကျပ် (ဆုတံဆိပ်ဆွဲပြား)တို့ကို ရရှိမည်ဖြစ် သည်။
မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းလိဂ် (MSL) ပြိုင်ပွဲတွင် အမျိုးသား /သမီးကလပ်အသင်း (၁၆)သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများအနေဖြင့် အမျိုး သား (၄)ယောက်တွဲ၊ အမျိုးသား (၃)ယောက်တွဲနှင့် အမျိုး သမီး (၃)ယောက်တွဲ ပွဲစဉ်များပါဝင်မည်ဖြစ်ကာ မတ်လ (၁ ၄)ရက်မှ ဧပြီ (၅) ရက်အထိ အပတ်စဉ် သောကြာ၊ စနေနှင့် တနင်္ဂနွေတို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ပြိုင်ပွဲအား ရန်ကုန်မြို့သု၀ဏ္ဏပိုက်ကျော်ခြင်း အားကစားရုံ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၌ ကျင်းပမည်ဖြစ်ကာ ပွဲ ကြည့်ရှုသူများအတွက် ဝင်ကြေးအခမဲ့သတ်မှတ်ထားကြောင်း သိရသည်။
