ဒုက္ခသည်များအဖြစ် နိုင်ငံတကာတွင် ပြန်လည်နေရာချပေးမည်ဆိုသော လွဲမှားသည့် ကတိပြုကာ နိုင်ငံသားများကို လိမ်လည်ခဲ့မှုဖြင့် ယခင်အစိုးရဝန်ကြီးနှစ်ဦးနှင့် အခြားလူ တစ်ဒါဇင်ကျော်ကို ထောင်ဒ-ဏ်ချမှတ်ခဲ့ကြောင်း တရားရုံးအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
၁၉၉၀ ပြည့်လွန်အစောပိုင်း နှစ်များတွင် နိုင်ငံသားဥပဒေများ ပြင်ဆင်ပြောင်းလဲလိုက်မှုကြောင့် နီပေါလူမျိုး ၁ သိန်းကျော်သည် ဘူတန်နိုင်ငံမှ ထွက်ပြေးခဲ့ရပြီး အများအပြားသည် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေး အစီအစဉ်အရ အမေရိက၊ ဥရောပနှင့် အခြားနေရာများတွင် နေရာသစ်များ ရရှိခဲ့သည်။
၂၀၁၈ ခုနှစ်တွက် အဆုံးသတ်ခဲ့သော နေရာချထားရေးအစီအစဉ်တွင် အကြီးတန်းအရာရှိများပါဝင်သော လိမ်လည်မှုသည် အစီအစဉ်တွင် အကျုံးမဝင်သော နီပေါလူမျိုးများအပေါ် အမြတ်ထုတ်ခဲ့သည်။ ပြန်လည်နေရာချထားရေးတွင် အရည်အချင်းပြည့်မီသည့် ဒုက္ခသည်မျာအဖြစ် ဖန်တီးကာ ပြည်ပနိုင်ငံများကို လွှဲပြောင်းပေးမည်ဟု လိမ်လည်၍ ငွေကြေးအမြောက်အများ ရယူခဲ့သည်။
ယခင် ဒုတိယဝန်ကြီးချုပ် တော့ပ် ဘာဟာဒူရ် ရာဂျာမာဟီကို ထောင်ဒ-ဏ် လေးနှစ်နှင့် ဒ-ဏ်ငွေ ရူပီး ၄၀,၀၀၀ (ဒေါ်လာ ၂၆၀) ချမှတ်ခဲ့ကြောင်း ခတ္တမန္ဒူခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ရှီဗား ခါတီဝါဒါက ပြောကြားခဲ့သည်။
တဖန်ပြည်ထဲရေးဝန်ကြီးဟောင်း ဘဲလ် ခရစ်ရှ်တာခန်းကို ထောင်ဒ-ဏ် ၂ နှစ်နှင့် ဒ-ဏ်ငွေ ရူပီး ၂၀,၀၀၀ ချမှတ်ခဲ့သည်။ ခရိုင်တရားရုံးသည် အခြား ၁၄ ဦးကိုလည်း ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ခုနစ်ဦးကိုမူ တရားေ-သလွှတ်ပေးခဲ့ကြောင်း ခါတီဝါဒါက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
၁၉၈၅ ခုနှစ်တွင် ဘူတန်နိုင်ငံသည် တစ်နိုင်ငံ လူမျိုးတစ်ခု မူဝါဒကို စတင်ကျင့်သုံးခဲ့ပြီး နီပေါစကားပြော လူနည်းစု Lhotshampa လူမျိုးများကို ရွှေ့ပြောင်းနေထိုင်သူများဟု သတ်မှတ်ခေါ်ဆိုကာ နိုင်ငံသားအခွင့်အရေးများကို ရုပ်သိမ်းခဲ့သည်။ ဗုဒ္ဓဘာသာနိုင်ငံသည် အမျိုးသားဝတ်စုံကို မဖြစ်မနေဝတ်ဆင်ရန် သတ်မှတ်ခဲ့ပြီး နီပေါဘာသာစကားအသုံးပြုမှုကို ကန့်သတ်ခဲ့သည်။
၁၉၉၀ ပြည့်လွန် အစောပိုင်း နှစ်များတွင် ဘူတန်မှ ထွက်ပြေးလာသော Lhotshampa အများအပြားသည် နီပေါနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိသွားခဲ့ကြသည်။
၎င်းတို့ကို ဘူတန်နိုင်ငံပြန်ပို့ရန် နှစ်ပေါင်းများစွာ ညှိနှိုင်းမှုများလုပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့သောကြောင့် တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေးအစီအစဉ်တစ်ခုကို ၂၀၀၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ လုပ်ဆောင်ခဲ့သည်။
အများစုမှာ အမေရိကန်ပြည်ထောင်စုတွင် ပြန်လည်နေရာချထားပေးခဲ့သည်။ နောက်ထပ် ထောင်ပေါင်းများစွာသည် ဥရောပ၊ သြစတြေးလျ၊ ကနေဒါနှင့် နူးဇီလန်နိုင်ငံများတွင် နေထိုင်ခွင့်ရခဲ့ကြသည်။
၎င်းတို့ထံမှ ငွေများကို လိမ်လည်ရယူသွားခဲ့သော်လည်း ၎င်းတို့ကို ဘာမှမကူညီခဲ့ကြောင်း ပြောဆိုသည့် အလိမ်ခံရသူ ရာပေါင်းများစွာရှိခဲ့ကြောင်း နီပေါမီဒီယာများက ဆိုခဲ့သည်။
တိုင်ကြားမှုများစွာကို လက်ခံရရှိပြီးနောက် ၂၀၂၃ ခုနှစ် မတ်လတွင် နီပေါရဲတပ်ဖွဲ့က ပထမဆုံး ဖမ်းဆီးမှုများကို လုပ်ဆောင်ခဲ့သည်။
Ref: The New Indian Express