Monday, May 25, 2026

လွိုင်ကော်တွင် AYA bank ၏...

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌...

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး...

စလင်းမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်း ပထမနေ့စတင် ကျောင်းသုံးစာအုပ်များအခမဲ့ထောက်ပံ့

ယနေ့ မေ ၂၅ ရက်မှစတင်၍ ၂၀၂၆-၂၀၂၇ ပညာသင် နှစ်အတွက် အခြေခံပညာကျောင်းများ၏ ကျောင်းအပ် နှံခြင်း ပထမနေ့ကို တိုင်းနှင့် ပြည်နယ်အသီးသီး၌...
HomeNewsLocal Newsဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့်...

ဘုတလင်၊ ချောင်းဦး၊ ဒီပဲယင်းနှင့် ယင်းမာပင်ခရိုင်တို့တွင် မိုးသီးနှံများစိုက်ပျိုးသွားမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ယင်းမာပင်ခရိုင်များတွင် ဟင်းသီးဟင်းရွက်၊ မြေပဲ၊ ပြောင်းနှင့် ပဲတီစိမ်းများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်တွင် လာမည့်ဇွန်လပထမပါတ်မှ စတင်၍ ပဲတီစိမ်းဧက (၁၁,၀၀၀) ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ချောင်းဦးမြို့နယ်တွင် ပြောင်းသီးနှံ ဧက (၁၃၀၀) ကျော်၊ ဒီပဲယင်းမြို့နယ်တွင် ဟင်းသီးဟင်းရွက် ဧက (၁၉၀၀) ကျော်နှင့် ယင်းမာပင်ခရိုင်တွင် မြေပဲဧက (၃၃,၀၀၀) ကျော်ကို မိုးသီးနှံအဖြစ် စိုက်ပျိုးသွားကြမည်ဖြစ်ကြောင်း သိရသည်။

“ဘုတလင်မှာ ပဲတီစိမ်းကို အထွက်တိုးအောင်ဧက အခုထက်ပိုစိုက်ကြရမှာပါ။ ပဲတီစိမ်းက ဈေးကောင်းရတဲ့အတွက် စိုက်တဲ့တောင်သူတွေ စိတ်ဝင်စားကြပါတယ်” ဟု ဘုတလင်မြို့နယ်တောင်သူ ဦးမှတ်က ပြောသည်။

ဘုတလင်မြို့နယ်တွင် အများအပြားစိုက်ပျိုးကြမည့် ပဲတီစိမ်းကို အထွက်တိုးအောင် စိုက်နိုင်မည်ဆိုလျင် ဒေသတွင်းဖူလုံယုံသာမက ပိုလျှံလျင်ဈေးကောင်းစောင့်ကာ ရောင်းချနိုင်မည်ဖြစ်သောကြောင့် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရန် ပြင်ဆင်လျက်ရှိကြကြောင်း သိရသည်။

” ချောင်းဦးမြို့နယ်မှာ အစေ့ထုတ်ပြောင်းဧက (၅၀) နဲ့ ဖူးစားပြောင်းဧက (၁,၃၀၀) စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားဧကပြည့်မှီဖို့နဲ့ အထွက်နှုန်းတိုးဖို့အတွက် ပိုးမွှားမကျရအောင် အသိပညာပေးလုပ်ငန်းတွေစတင်ဆောင်ရွက်နေပါတယ် ” ဟု ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်ဆွေက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် ဇွန်လပထမပါတ်မှစတင်၍ ဟင်းသီးဟင်းရွက် (၁၉၂၃) ဧကကို GAP နည်းစနစ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ပြီး ဓာတုဓာတ်ကြွင်း အနည်းဆုံးဖြစ်ရန်နှင့် ကျန်းမာရေးနှင့်ကိုက်ညီသော ဟင်းသီးဟင်းရွက်များထွက်ရန် စတင်စိုက်ပျိုးစဉ်ကတည်းက ဂရုပြုစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်အနောက်ဖက်တွင်တည်ရှိသော ယင်းမာပင်ခရိုင်တွင် ဆီထွက်သီးနှံ မြေပဲကို ဧက (၃၃,၃၄၈) ဧကကို ဇွန် လပထမပတ်မှ စတင်စိုက်ပျိုးကြမည်ဖြစ်ပြီး ယင်းမာပင်ခရိုင်တွင် မြေပဲစိုက်ပျိုးမှု တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနေကြောင်းသိရသည်။

ယင်းမာပင်ခရိုင် ယင်းမာပင်၊ ကနီ၊ ဆားလင်းကြီးနှင့် ပုလဲမြို့နယ်များတွင် မြေပဲစိုက်ပျိုးကြမည်ဖြစ်ရာ ကနီမြို့နယ်တွင် ဧက (၃) သောင်းနီးပါးဖြင့် အများဆုံးစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွိုင်ကော်တွင် AYA bank ၏ ဝန်ဆောင်မှုများ ပြန်အသုံးပြုနိုင်ပြီ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။ ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌ အမှတ် (ရှမ်း-၃၅)၊ လောပိတလမ်း၊ ရှမ်းစုရပ်ကွက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ၌ လွိုင်ကော်မြို့သည် ပြန်လည်စည်ကားလျက်ရှိပြီး စစ်ရှောင်နေရသည့် ပြည်သူများလည်း ပြန်လည်ဝင်ရောက်နေထိုင်ကြပြီ ဖြစ်ကာ အစိုးရယန္တရားအပြည့်အဝလည်ပတ်လျက်ရှိနေပြီလည်း ဖြစ်သည်။

အမြန်လမ်းတွင် ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက် (၂) ဦး ‌ေ-သဆုံး (၄) ဦး ဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်၌ ယနေ့ မေ ၂၅ ရက်နံနက် ၉ နာရီခွဲခန့်က ကိုယ်ပိုင်ယာဥ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီးအတိုင်း အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၃) ဦးတို့ပါသော ကိုယ်ပိုင်ယာဥ်သည် မိုင်တိုင်အမှတ် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားအရောက်တိမ်းမှောက်ခဲ့သဖြင့် စကားအင်းအမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသမီး (၂) ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရနှင့် မစိုးရိမိရ) ဒ-ဏ်ရာများရရှိခဲ့၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071