ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ AYA Bank ၏ ဝန်ဆောင်မှုများကို ပြန်လည်အသုံးပြုနိုင်ပြီဟု ဧရာဝတီဘဏ်က ထုတ်ပြန်သည်။
ဝန်ဆောင်မှုများပေးနိုင်ရန် ဧရာဝတီဘဏ် (လွိုင်ကော်ဘဏ်ခွဲ) ကို မေ(၂၁)၌ အမှတ် (ရှမ်း-၃၅)၊ လောပိတလမ်း၊ ရှမ်းစုရပ်ကွက်၌ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိ၌ လွိုင်ကော်မြို့သည် ပြန်လည်စည်ကားလျက်ရှိပြီး စစ်ရှောင်နေရသည့် ပြည်သူများလည်း ပြန်လည်ဝင်ရောက်နေထိုင်ကြပြီ ဖြစ်ကာ အစိုးရယန္တရားအပြည့်အဝလည်ပတ်လျက်ရှိနေပြီလည်း ဖြစ်သည်။