Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeArticlesဘာသာဗေဒ နှင့် ကျွန်တော်...

ဘာသာဗေဒ နှင့် ကျွန်တော် (၂)

ကျွန်တော်တက္ကသိုလ်ရောက် တော့ ယူသည့်ဘာသာတွဲတွင် စိတ် ကြိုက်မြန်မာစာကို ဘာသာတစ်ခု အဖြစ် ထည့်ယူသည်။ မြန်မာစာ သင်တန်းများတွင် ဆရာ၊ ဆရာမ များက ပျို့၊ ရတု၊ မော်ကွန်းစသည့် ရှေးကဗျာများမှ စကားလုံးများ၏ အဓိပ္ပါယ်ကို ရှင်းလင်းသင်ပြရာ၌ စကားလုံးများ၏ ရေးထုံးပြောင်းလဲ လာပုံကို သင်ပြပေးသည်။ ‘သံယော ဇန’ မှ ‘သံယောဇဉ်’ဖြစ်လာခြင်းသည် ဇန်မှ ဇဉ်သို့ ပြောင်းလဲလာခြင်း ဖြစ်သည့်အလားတူ ဥယျာနမှ ဥယျာဉ်သို့ပြောင်းပုံ၊ ဝိဥာဏမှ ဝိဥာဉ်သို့ ပြောင်းပုံစသည်ဖြင့် ပြောင်း လဲပုံ ဥပဒေသများကို သိလာရသည် နှင့်အမျှ စိတ်ဝင်စားလာရပါသည်။ ထို့အတူ ဗျည်းတူသည့် စာလုံးများ အနက် အဓိပ္ပါယ်ချင်းတူပုံ၊ ဆက် သွယ်မှုရှိပုံတို့ကို ‘ကွေ၊ ကွင်း၊ ကွဲ၊ ကွာ’၊ ‘ငေး၊ ငိုင်၊ ငိုက်’၊ ‘မှေး၊ မှိန်၊ မှောင်၊ မှိုင်း၊ မှုန်’၊ ‘ဝေ့၊ ဝိုက်၊ ဝိုင်း၊ ဝန်း’ စသည့် သာဓကများအရ သိမြင်လာရပါသည်။ ပါမောက္ခဆရာ ကြီး ဦးဧမောင် ၏ အတန်းကို ဝိဇ္ဇာ(က) (တတိယနှစ်)ရောက်တော့ တက်ရပါသည်။ ဆရာကြီးက ‘နေ၊ နေ့၊ နွေ၊ နွေး’ ဆိုသော စကားလုံးများ အနက် အဓိပ္ပါယ်ချင်း ဆက်သွယ်မှု ရှိပုံကို စိတ်ဝင်စားဖွယ် ရှင်းပြပါ သည်။ ပုဂံခေတ်ကျောက်စာများကို ဝိဇ္ဇာ(က)တန်းမှာ သင်ယူရသောအခါ စကားလုံးပြောင်းလဲပုံများကို ပို၍ သိမြင်လာရပါသည်။ ‘က္လောင်’မှ ‘ကျောင်း’သို့ ပြောင်းပုံ၊ ‘ပ္လန်’ မှ ‘ပြန်’ သို့ ပြောင်း ပုံများအရ ‘လဆွဲ’မှ ‘ယပင်း၊ ရရစ်’ သို့ ပြောင်းသည်ဆို သော ဥပဒေသကို သိလာရပါသည်။ ထားဝယ်ဒေသတွင် လဆွဲသံများကို ယခုအထိ ထိန်းသိမ်းထားကြောင်း ကျောက်စာသင်သော ဆရာမကြီးက ရှင်းပြသောအခါ ကျွန်တော်နှင့် အိမ်နီးချင်းအဖြစ် ဆုံခဲ့ဖူးသော ထား ဝယ်သား မိတ်ဆွေများ၏ စကားထဲမှ လဆွဲသံများကို သတိရမိပါသည်။ ဤသို့ စကားလုံးများ ပြောင်းလဲ သည့်ဥပဒေသကို ‘ပြောင်းထုံး’ ဟု ခေါ်ပါသည်။ ရှေးက သုံးခဲ့သော စကားလုံးများသည် ပြောင်းထုံး ဥပဒေသများနှင့်အညီ စနစ်တကျ ပြောင်းလဲကြောင်း သိလာရပါသည်။ ဘာသာစကားကို စိတ်ဝင်စားရာမှ သိလာသော အချက်များဖြစ်သည်။

ထို့အတူ ဆရာလှသမိန်၏ ‘မြန်မာစာအရသာ’ တွင် လေ့လာရ သော အသံပြောင်းဥပဒေသများအရ အသံ ၂ သံကို တစ်ဆက်တည်း ရွတ် ဆိုလျှင် နောက်ကအသံပြောင်းတတ် သော်လည်း ခြား၍ရွတ်ဆိုလျှင် အသံ မပြောင်းကြောင်း၊ ထို့ကြောင့် ‘အိမ် ကြီး၏အမိုး’ ဟုပြောလျှင် ‘အိန်ဂျီး’ဟု အသံပြောင်းသော်လည်း အိမ်-ကြီး သည်ဟု ပြောလျှင် ‘ကြီး’ က အသံ မပြောင်းကြောင်း သိလာရပါသည်။ ထို့အတူ ရှေ့မှာ က၊ စ၊ တ၊ ပ အသတ်တစ်ခုခုရှိလျှင် တစ်ဆက် တည်းရွတ်ဆိုသော်လည်း နောက်က အသံမပြောင်းကြောင်း ဥပဒေသ တစ်ခုအဖြစ် သိရပါသည်။ထို့ကြောင့် ‘ခွေး ကြီး’က ‘ခွေးဂျီး’ဟု အသံပြောင်း သော်လည်း ‘ဝက်ကြီး’ က အသံမ ပြောင်းခြင်းဖြစ်ကြောင်း သဘော ပေါက်လာရပါသည်။
ဆရာကြီးဦးဧမောင်၏ ‘ဘာသာပြန်’ အကြောင်း ဟောပြော ချက်တွင် Philology -ဝေါဟာရ ဗေဒ၊ Phonetics- ဝါစဿရဗေဒ ဟူသော ဝေါဟာရများကို တွေ့ရပါ သည်။ ဘာသာစကားလေ့လာမှုနှင့် ဆိုင်သော ဝေါဟာရများအဖြစ် မှတ် သားမိပါသည်။

၁၉၆၁-၆၂ ပညာသင်နှစ်တွင် ကျွန်တော်မြန်မာစာဂုဏ်ထူးတန်း တက်ရသည်။ မြန်မာစာပါမောက္ခ ဆရာကြီး ဦးဝန် (ဆရာမင်းသုဝဏ်) က ကျွန်တော်တို့ကို စာအုပ် ၂ အုပ် ညွှန်ပြသည်။ တစ်အုပ်မှာ ဆရာကြီး ဦးဖေမောင်တင်၏ ဘာသာလောက ကျမ်း ဖြစ်သည်။ နောက်တစ်အုပ်မှာ အင်္ဂလိပ်လို ရေးထားသော စာအုပ် ဖြစ်သည်။ Mrs L.Armstrong နှင့်U Pe Maung Tin တို့ ပြုစုသော A Burmese Phonetic Reader ဖြစ် သည်။ ဆရာကြီးဦးဝန်က ထိုစာအုပ် များကို လေ့လာထားရန် လမ်းညွှန် သည်။Lingustics ခေါ် ဘာသာဗေ ဒပညာရပ်နှင့်လည်း မိတ်ဆက်ပေး သည်။ ဘာသာလောကကျမ်းမှာ ကမ္ဘာပေါ်ရှိ ဘာသာစကားများကို မျိုးရိုးအလိုက် ခွဲခြားဖော်ပြထားသော ကျမ်းဖြစ်သည်။ ဘာသာလောက ကျမ်းအရ ကျွန်တော်တို့ မြန်မာ စကားသည် တိဗက်တရုတ်မျိုးရိုးကြီး မှ ဆင်းသက်သော တိဗက်မြန်မာ မျိုးခွဲ တွင်ပါဝင်ကြောင်း သိရသည်။ ယခင်က မသိရသေးသောအကြောင်း ဆရာဖြစ်၍ အသိအမြင် တိုးပွားရပါ သည်။ A Burmese Phonetics Reader မှာ ဆရာကြီးဦးဖေမောင် တင် အင်္ဂလန်သို့ ပညာတော်သင် သွားစဉ် မစ္စစ်အမ်းစထရောင်း ဆို သော သဒ္ဒဗေဒပညာရှင်နှင့် တွဲဖက် ၍ မြန်မာစကားသံများကို သိပ္ပံနည်း ကျ စိစစ်လေ့လာသော စာအုပ်ဖြစ် သည်။ ၁၉၅၂ ခုနှစ်ကတည်းက ထုတ်ဝေသည်ကိုကြည့်၍ ဆရာကြီး သည် အလွန်စောသောကာလကပင် မြန်မာစကားကို စနစ်တကျ လေ့လာ ခဲ့ကြောင်း တွေ့ရပါသည်။ (နောင် အခါတွင် ထိုစာအုပ်ကို ဆရာကြီး ဦးရွှေသွင် က မြန်မာသဒ္ဒဗေဒ ဖတ်စာ အမည်ဖြင့် ဘာသာပြန်ပါ သည်။)

ဆရာကြီးဦးဝန်သည် ပထမနှစ် ဂုဏ်ထူးတန်းကျောင်းသားများဖြစ် သော ကျွန်တော်တို့ကို ဘာသာစ ကားအမျိုးအစားခွဲပုံအကြောင်း သင်ကြားပေးပါသည်။ ဖွဲ့စည်းပုံအရ ကမ္ဘာပေါ်ရှိ ဘာသာစကားများကို အမျိုးအစားခွဲလျှင် တစ်သီးပုဂ္ဂလ ဘာသာစကား၊ ပူးတွဲဘာသာစကား၊ ဂုဏ်ပြောင်းဝိဘတ်သွယ် ဘာသာ စကား၊ ကိုယ်တွင်းပြည့် ဘာသာစ ကားဟူ၍ ၄ မျိုးခွဲနိုင်ကြောင်း သင် ကြားပေးပါသည်။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဗြဟ္မာအက္ခရာရောက် လာပုံအကြောင်းကိုလည်း ကမ္ဘာ့မြေ ပုံကြီးဖြင့် အကျယ်တဝင့် ရှင်းလင်း သင်ကြားပါသည်။ ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန တွင် ဘာသာဗေဒပညာရပ်ကို စတင် လမ်းခင်းပေးခြင်းဖြစ်ပါသည်။
ဒုတိယနှစ် ဂုဏ်ထူးတန်းတွင် ဘာသာလောကကျမ်းကို ပါမောက္ခ ဆရာကြီး ဦးမောင်မောင်ကြီးက ဆက် သင်ပြပေးပါသည်။ ထိုစဉ်က ထို ဘာသာရပ်ကို ဘာသာသိပ္ပံLinguistic Science ဟုခေါ်ကြပါသည်။

မြန်မာသဒ္ဒဗေဒဖတ်စာတွင် မြန်မာစကားသံများက IPA (lnternational Phonetic Alphabet) ခေါ် အပြည်ပြည်ဆိုင် ရာ သဒ္ဒဗေဒအက္ခရာများဖြင့် ရေး သားဖော်ပြထားကြောင်း သိရပါ သည်။ သို့သော် မည်သို့ရေးရသည် ကို မသိနားမလည်သေးပါ။ သို့သော် ဝိဇ္ဇာ(က)တန်းမှာပင် အခြားအက္ခရာ စနစ်တစ်ခုကို တက်ခဲ့ပါသည်။ ကျွန်တော်က ဝိဇ္ဇာ(က)တန်းတွင် မြန်မာရာဇဝင် (သမိုင်းဟုမခေါ် သေးပါ)ကို ဘာသာတစ်ခုအဖြစ် တွဲ၍ယူရာ ထိုဘာသာရပ်ကို ဆရာ ကြီး ဒေါက်တာသန်းထွန်း က သင်ကြားပါသည်။ ဆရာကြီးက မြန်မာရာဇဝင်အတွက် အကိုးအကား ပြုသော ပုဂံခေတ်ကျောက်စာများကို ရောမအက္ခရာဖြင့် ရေးမှတ်ခြင်း (Romanization) စနစ်ကို သင်ကြား ပေးပါသည်။ Transliteration (အက္ခရာဖလှယ်ခြင်း) ဟု ခေါ်ပါ သည်။ အင်္ဂလိပ်ဘာသာဖြင့်ရေး သောဆောင်းပါးများ၊ စာတမ်းများ တွင် မြန်မာကျောက်စာများကို ကိုး ကားရာ၌ မြန်မာစာလုံးများကို ထို စနစ်ဖြင့် အက္ခရာဖလှယ်ကြောင်း ဆရာကြီးက ရှင်းပြပြီး မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်တွင် ဆရာကြီးရေးထားသော ဆောင်းပါး များမှာ မြန်မာကျောက်စာများ အကိုး အကားပြုထားပုံများကို ရှင်းပြပါ သည်။ ဤသို့ဖြင့် အက္ခရာဖလှယ် သော စနစ်ကို စောစောပိုင်းကပင် နားလည်ခဲ့ရပါသည်။ သဒ္ဒဗေဒ (Phonetics) တွင် သုံးသော IPA စနစ်မှာ အသံဖလှယ်သော စနစ်ဖြစ် ပြီး ရာဇဝင်ဆောင်းပါးများတွင်သုံး သော စနစ်မှာ အက္ခရာ ဖလှယ်သော စနစ်ဖြစ်ကြောင်း၊ တစ်ခုနှင့်တစ်ခု မတူကြောင်း ကွဲကွဲပြားပြား သိလာရ ပါသည်။

၁၉၆၃ ခုနှစ်တွင် ကျွန်တော် ဘွဲ့ရပြီး မြန်မာစာဌာနမှာ ဆရာ ဖြစ်လာသည်။ ၁၉၆၅ ခုနှစ်တွင် ပုသိမ်ကောလိပ်မှ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်သို့ ပြန်ပြောင်းရ သည်။ ပြန်ပြောင်းစမှာပင် ဌာနမှာ မွမ်းမံသင်တန်းတစ်ခုတက်ရသည်။ ထိုအချိန်တွင် အခန့်သင့်သည်မှာ ကျွန်တော်တို့၏ ဆရာ၊ ဆရာမများ ဖြစ်သော ဆရာကြီးဦးရွှေသွင် (ဝိဇ္ဇာ နှင့် သိပ္ပံပညာရှင်အဖွဲ့ အလုပ်အမှု ဆောင်၊ မြန်မာစာပါမောက္ခ ငြိမ်း၊ ကွယ်လွန်)နှင့် ဆရာမကြီး ဒေါ်ခင် ခင်အေး (ဌာနမှူး – ငြိမ်း၊ မြန်မာစာ ဌာန၊ ရန်ကုန်စက်မှု တက္ကသိုလ်)တို့ ဇနီးမောင်နှံသည် လန်ဒန်တက္ကသိုလ် တွင် ဘာသာဗေဒ၊ သဒ္ဒဗေဒပညာ များကို သင်ယူဆည်းပူး၍ မဟာဝိဇ္ဇာ ဘွဲ့များ ရယူပြီး ပြန်ရောက်လာချိန် ဖြစ်သည်။ မွမ်းမံသင်တန်းတွင် ဆရာကြီး ဦးရွှေသွင်က သဒ္ဒဗေဒ (Phonetics) ၊ ဆရာမကြီး ဒေါ်ခင် ခင်အေးက ဘာသာဗေဒ (Linguistics) ဘာသာရပ်များကို မိတ်ဆက်သင် ကြား ပို့ချပေးသည်။ ထိုနှစ်တွင် ကျွန်တော် မဟာဝိဇ္ဇာတန်း တက်ရ သည်။ ပါမောက္ခဆရာကြီး ဦးမောင် မောင်ကြီးက ကျွန်တော်တက်ရသော မဟာဝိဇ္ဇာနောက်ဆုံးနှစ် အပိုင်း (၁) နှင့် စတုတÄနှစ်မြန်မာစာတန်းတို့တွင် ဘာသာဗေဒ၊ သဒ္ဒဗေဒစတင် သင် ကြားရန် စီစဉ်သည်။ သို့ဖြင့် ဆရာ ကြီး ဦးရွှေသွင်နှင့် ဆရာမကြီး ဒေါ်ခင်ခင်အေးတို့က ထိုအတန်းများ တွင် သဒ္ဒဗေဒနှင့် ဘာသာဗေဒကို စတင်သင်ကြားရာ ထိုနှစ်တွင် မဟာ ဝိဇ္ဇာစတက်ရသော ကျွန်တော်တို့မှာ ထိုပညာရပ်များကို မြန်မာစာဌာန တွင် ဦးဦးဖျားဖျား သင်ကြားရ သည့် အခွင့်အရေးကို ရခဲ့ပါသည်။ ဘာသာ ဗေဒ၊ သဒ္ဒဗေဒကို အနီးကပ် လေ့ လာသင်ယူခွင့်ရသည့်အတွက် ပို၍ စိတ်ဝင်စားလာပါသည်။

မောင်ခင်မင်(ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071