ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာဒါဈေး မီးလောင်မှုဖြစ်ပွားရာ Level 2 ယာဉ်အုပ်စုဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး အသက် (၇၀) အရွယ် အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး အမျိုးသား တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မြို့ခံများနှင့် သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီ (၁၆) ရက်၊ နံနက်၊ (၀၀)နာရီ (၁၁)မိနစ်အ ချိန်ခန့်က လှိုင်မြို့နယ်ရှိ ဘာဒါဈေးတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်မြို့နယ်မီးသ-တ်စခန်းမှ မီးသတ်ယာဉ်များ၊ ရန်ကုန်မြို့တွင်းရှိ လူမှုကူညီကယ်ဆယ်ရေးအသ င်းများမှ ဝိုင်းဝန်းငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။
“မီးလောင်ကျွမ်းမှု အတော်များပါတယ်။ တိုင်းဌာနချုပ်ကို ဆက်သွယ်ပြီး ဆက်လက်ငြှိမ်းသ-တ်နေရပါတယ်။”ဟု မီးသ တ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကဆိုခဲ့သည်။
ထိုသို့ ထွက်ခွာငြှိမ်းသ-တ်ခဲ့သော်လည်း အဆိုပါ ဘာဒါစျေး မီးလောင်ကျွမ်းမှုမှာ များပြားသဖြင့် တိုင်းမီးသ-တ်တပ်ဖွဲ့သို့ ဆက်လက် အကြောင်းကြား သတင်းပို့ကာ အခြားနယ်မြေခံ ကြက်ခြေနီအသင်း၊ လူမှုကူညီရေးအသင်းများမှလည်း ဝိုင်း ဝန်းငြှိမ်းသ-တ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဝိုင်းဝန်းငြှိမ်းသ-တ်ရာ (၀၀)နာရီ (၁၄)မိနစ်အချိန်တွင် Level 1 ယာဉ်အုပ်စုထွက်ခွာခဲ့ရပြီး ဆက်လက်၍ (၀၀)နာရီ (၁၆)မိနစ်အချိန်တွင် Level 2 ယာဉ်အုပ်စုထွက်ခွာငြှိမ်းသ- တ်ခဲ့ရာ (၀၀)နာရီ (၄၈)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံန က် (၁)နာရီ ေကျာ်တွင် မီးငြှိမ်းသ-တ်နိုင်ခဲ့ကြောင်း သိရသည်။
” ဘာဒါစျေးထဲ သူငယ်ချင်းရဲ့ ဆိုင်ရှိတော့ မီးလောင်တယ်ဆိုလို့ ဖြစ်ဖြစ်ချင်း သွားကြည့်တာ မီးတော်တော်များတယ်။ လှိုက်လောင်နေတာပေါ့။ တစ်စျေးလုံးနီးပါး ကုန်ပြီ ထင်ပါတယ်”ဟု လှိုင်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီး တစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အသက် (၇၀) အရွယ် အမျိုးသား တစ်ဦးနှင့် သက်လတ်ပိုင်း အမျိုးသား တစ်ဦးတို့ ထိခိုက် ဒဏ်ရာများရခဲ့ရာ ဖြစ်စဉ်နေရာ ရောက်ရှိနေသည့် လူမှုကူ ညီရေးအသင်းများမှ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်စဉ် အသ-က် (၇၀) အရွယ် အမျိုးသားမှာ အသ-က်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်မှု၌ စျေးအတွင်းရှိ ဆိုင်ခန်းအများအပြား မီးလောင်ဆုံးရှုံးခဲ့ရပြီး စျေးမျက်နှာစာရှိ ဆိုင်ခန်းအချို့သာ မီးကူးစက်မှု မရှိဘဲ ကျန်ရှိခဲ့ကြောင်း အနီးနားဝန်းကျင်ရှိ လှို င်မြို့နယ် ဒေသခံတို့ထံမှ သိရသည်။
