Saturday, May 16, 2026

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ...

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ...

ဂျပန် နျူကလီးယားစက်ရုံတွင် ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ...

တိုကျို၊ မေလ ၁၆ ရက် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ်...

တရုတ်က လူလိုက်ပါသည့် အာကာသယာဉ်လွှတ်တင်ရန် ပြင်ဆင်နေ

ကျိုချွမ်၊ မေလ ၁၆ ရက် လူလိုက်ပါသည့် အာကာသယာဉ်Shenzhou-23 ကိုမကြာမီကာလအတွင်း အဆင်ပြေသည့်အချိန်၌ လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူလိုက်ပါသည့် အာကာသအေဂျင်စီ (CMSA) က...
HomeInternationalဗီယက်နမ်၌ ၂၅ ကြိမ်မြောက်...

ဗီယက်နမ်၌ ၂၅ ကြိမ်မြောက် တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ ကျင်းပပြီးစီး

ဟိုချီမင်းစီးတီး၊ မေ ၁၆ ရက်

နိုင်ငံတကာ‌ကောလိပ်ကျောင်းသားများအတွက် ၂၅ ကြိမ်မြောက် “Chinese Bridge” တရုတ်ဘာသာစကားကျွမ်းကျင်မှုပြိုင်ပွဲ၏ ဗီယက်နမ်တောင်ပိုင်းဒေသတွင်း ဗိုလ်လုပွဲကို သောကြာနေ့တွင်ကျင်းပပြီးစီးခဲ့သည်။

အဆိုပါပွဲကို တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဘာသာစကားပညာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစင်တာနှင့် ဟိုချီမင်းစီးတီးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးတို့က ပူးပေါင်းစီစဉ်ကာ ဟိုချီမင်းစီးတီး ပညာရေးတက္ကသိုလ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲအတွင်း ဒေသတစ်ဝန်းရှိ တက္ကသိုလ်နှင့် ကောလိပ် ၁၉ ခုမှ ကျောင်းသား ၃၇ ဦးသည် တရုတ်ဘာသာဗဟုသုတစစ်ဆေးခြင်း၊ ခေါင်းစဉ်အလိုက် ဟောပြောခြင်းနှင့် စွမ်းရည်ပြသခြင်းဟူသော ကဏ္ဍသုံးရပ်တွင် ယှဉ်ပြိုင်ခဲ့ကြသည်။

ဟိုချီမင်းစီးတီး ပညာရေးတက္ကသိုလ်မှ သမ်မိုင်ဖွန်း က ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပြီး တရုတ်နိုင်ငံတွင် ကျင်းပမည့် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဗီယက်နမ်တောင်ပိုင်းကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဟိုချီမင်းစီးတီး ပညာရေးတက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌ ဘူယ်ထရန်ကွင်းငေါက် က “Chinese Bridge” ပြိုင်ပွဲသည် ကျွမ်းကျင်မှုပိုင်းတွင် ထူးချွန်ပြီး ဘာသာစကားစွမ်းရည် ကောင်းမွန်ရုံသာမက အခြားသူများနှင့် ချိတ်ဆက်နိုင်စွမ်းရှိကာ နိုင်ငံတကာမိသားစုအတွက် တက်ကြွစွာ အကျိုးပြုနိုင်မည့် တက္ကသိုလ်ကျောင်းသား မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးကြောင်း ပြောကြားခဲ့သည်။

ဟိုချီမင်းစီးတီးရှိ တရုတ်ဒုတိယကောင်စစ်ဝန်ချူပ် ရှုကျိုး က “Chinese Bridge” သည် ဘာသာစကားနှင့် ဆက်သွယ်ရေးတံတားတစ်ခုသာမက အနာဂတ်ဆီသို့ ဦးတည်မည့် အခွင့်အလမ်းများ၏ တံတားတစ်ခုလည်းဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် လူငယ်ကျောင်းသားများသည် ခေတ်သစ်တရုတ်-ဗီယက်နမ် ဆက်ဆံရေးတိုးတက်မှု၏ သက်သေများဖြစ်သကဲ့သို့ ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေသူများလည်းဖြစ်ကြောင်း၊ နောင်အနာဂတ် လုပ်ငန်းခွင်များတွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းတွင် ငလျင်ဘေးပြန်လည် ထူထောင်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြန်လည်ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းထံက သိရသည်။ ယမန်နေ့ မေလ (၁၅) ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး၊ လက်ထောက် အထွေထွေအတွင်းရေးမှူးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်အပါအဝင် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ရှိ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများရုံး (စစ်ကိုင်းရုံးခွဲ) သို့ သွားရောက်ခဲ့ကြသည်။ အဆိုပါ ခရီးစဉ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အဓိကလုပ်ငန်းစဉ်များမှ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ရင်းနှီးစွာတွေ့ဆုံကာ လုပ်ငန်းစဉ်များကို...

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ လက်တွေ့စစ်ဆေးမှု ယနေ့စတင်

အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေးဇုန်) အတွက် သင်တန်းသားသစ်ရွေးချယ်ပွဲ၏ အပြီးသတ်လက်တွေ့စစ်ဆေးရွေးချယ်မှုကို ယနေ့ မေ ၁၆ ရက်နံနက်ပိုင်းက အမျိုးသားဘောလုံးအကယ်ဒမီ (မန္တလေး) ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ရွေးချယ်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူး၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ပြုလုပ်ခြင်းဖြစ်ကာ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးနှင့် ကလောမြို့များမှ ပဏာမရွေးချယ်ခံထားရသည့် မျိုးဆက်သစ် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံခဲ့ကြသည်။ မနက်ဖြန် မေ ၁၇ ရက်တွင်လည်း သင်တန်းသားသစ်ရွေးချယ်ပွဲကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရို-က်တာ မစ္စတာ မိတနှင့် နည်းပြအဖွဲ့ဝင်များက လူငယ်များ၏ ဘောလုံးကျွမ်းကျင်မှု၊...

ဂျပန် နျူကလီးယားစက်ရုံတွင် ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရ၍ ဓါတ်ပေါင်းဖိုကို ရပ်တန့်

တိုကျို၊ မေလ ၁၆ ရက် ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း၊ မိယာဂိခရိုင်ရှိ အိုနာဂါဝါ နျူကလီးယားစွမ်းအင်စက်ရုံ၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့များ တွေ့ရှိရသဖြင့် ၎င်းစက်ရုံ၏ အမှတ် (၂) ဓါတ်ပေါင်းဖိုကို ရပ်တန့်သွားမည်ဖြစ်ကြောင်း စက်ရုံလည်ပတ်ရေးအဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သောကြာနေ့ ဒေသစံတော်ချိန် ညနေ ၅:၁၀ နာရီခန့်တွင် အမှတ် (၂) ဓါတ်ပေါင်းဖို၏ တာဘိုင်အဆောက်အအုံအတွင်း ရေဒီယိုသတ္တိကြွ ရေနွေးငွေ့ အနည်းငယ်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Tohoku Electric Power ကုမ္ပဏီက ဆိုသည်။ သို့သော် အဆိုပါ ရေဒီယိုသတ္တိကြွပစ္စည်းများသည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071