ဗီယက်နမ်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌လာရောက်ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် ဟနွိုင်းမြို့၌ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီး ပွားရေးဖိုရမ်တွင် ဖိတ်ခေါ်ခဲ့သည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တရုတ်၊ အိန္ဒိယ၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယ သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးနိုင်သည့် အချက်အချာနေရာတွင်ရှိပြီး စိုက်ပျိုးဖြစ်ထွန်းသည့် မြေဧရိယာများစွာရှိကာ သဘာဝသယံဇာတများ၊ ရေချိုနှင့် ရေငန်သ ဘာဝအရင်းအမြစ်များပေါကြွယ်ဝသည်ဟု ပြော သည်။
ထို့ပြင် ပူအိုက်စွတ်စိုသည့် ရာသီဥတုရှိ၍ တစ်နှစ်ပတ် လုံးစိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် ဗီ ယက်နမ်နိုင်ငံမှ လုပ်ငန်းရှင်များအနေဖြင့် ဒေသတွင်း သဘောတူညီချက်များကိုအခြေပြု၍ မြန်မာနိုင်ငံမှ မိတ်ဖက်စီးပွားရေးလုပ်ငန်းများနှင့် အကျိုးတူပူးပေါင်းကာ လယ်ယာအခြေခံသွင်းအားစုထုတ်လုပ်ခြင်း၊ စား သောက်ကုန်နှင့် ရေထွက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းစသည့် တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုစက်ရုံများတည် ထောင်ခြင်းလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံပြီး ကမ္ဘာ့စားနပ်ရိက္ခာတန်ဖိုး ကွင်းဆက်အတွင်း အတူတကွဝင်ရောက်ကြရန် ဖိတ်ခေါ်ခဲ့သည်။
ထို့အတူ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၊ ဆိုက်ဘာလုံခြုံရေး၊ အစိုးရဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး၊ ဆက်သွယ်ရေးနည်းပညာ၊ ဒစ်ဂျစ်တယ်ငွေပေး ချေမှုစနစ်များနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးဝန်းကျင်ဖော်ဆောင်ရေးတို့တွင်လည်း ဗီယက်နမ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုဖိတ်ခေါ်သည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
