မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်ကြီး(၃)ခုအကြောင်းကို မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယ နေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်၌ပြောကြားခဲ့သည်။
ဗီယက်နမ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ စက်မှုဇုန်များ၊ အထူးစီးပွားရေးဇုန်များတွင်သာမက လယ်ယာပေါင်းစည်းဇုန်များနှင့် စက် မှုစီမံကိန်းများကိုလည်း ထူထောင်ဆောင်ရွက်နိုင်သည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အ ထူးစီးပွားရေးဇုန်၊ သီလဝါအထူးစီးပွားရေးဇုန်နှင့် ထား ဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်ဟူ၍ အ ထူးစီးပွားရေးဇုန်ကြီး(၃)ခုရှိပြီး သီလဝါစီးပွားရေးဇုန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံများ (GMS Economic Corridors)အနက် အရှေ့-အနောက် စီးပွား ရေးစင်္ကြံ (EWEC-East-West Economic Corridor) ဖြစ်သည့် မြန်မာနိုင်ငံ (မြဝတီ)-ထိုင်း-လာအို-ဗီယက် နမ်နိုင်ငံ (ဒါနန်း)လမ်းကြောင်းနှင့် ချိတ်ဆက်သွားမည်ဖြစ်၍ အနာဂတ်တွင် ဒေသတွင်းအရေးပါသည့် နိုင်ငံဖြတ်ကျော် မဟာဗျူဟာမြောက်ကုန်သွယ်ရေးလမ်း ကြောင်းတစ်ရပ်ဖြစ်လာမည်ဟု ပြောသည်။
ထို့ပြင် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် အနာဂတ်တွင် မဟာဗျူဟာမြောက်အရေးပါသည့် နေရာတစ်ခုဖြစ်လာမည်ဖြစ်ပြီး GMS Economic Corridors အနက် Southern Economic Corridor (SEC)တောင်ပိုင်းစီးပွားရေးစင်္ကြံလမ်းဖြစ်သည့် မြန် မာနိုင်ငံ(ထားဝယ်)-ဗန်ကောက်-လွန်ပရာဘမ်-ဗီယက် နမ်နိုင်ငံ(ဒါနန်း)လမ်းကြောင်းနှင့် ချိတ်ဆက်သွားနိုင်မည်ဖြစ်၍ ဒေသတွင်းအရေးပါသည့် မဟာစီမံကိန်းတစ်ရပ်ဖြစ်လာမည်ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက် ပံ့ပိုး ကူညီပေးသွားမည်ဖြစ်ကာ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်း နှီးမြှုပ်နှံမှုတိုးမြှင့်ရေးကိုလည်း အလေးထားဆောင် ရွက်သွားမည်ဟု မြန်မာနိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။
